realme က 12 Pro ကို အိန္ဒိယမှာ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ အခုတော့ တရုတ်မှာ 12GB RAM နဲ့ 512GB Storage ပါတဲ့ မော်ဒယ်ကို ရောင်းချလိုက်ပါတယ်။ အဲဒီ မော်ဒယ်ကို Supreme Edition လို့ အမည်ပေးထားပါတယ်။

Realme is launching 12 Pro with 12 GB RAM and 512 GB storage

အဲဒီ မော်ဒယ်ဟာ နိုင်ငံတကာ မော်ဒယ်နဲ့ အားလုံးတူညီပြီး ကွာခြားချက်က တရုတ်မှာ Google Services မပါပါဘူး။ 6.7” OLED မျက်နှာပြင်၊ Snapdragon 6 Gen 1 Chipset နဲ့ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

ကုမ္ပဏီက နိုင်ငံတကာ တန်ဖိုးကြီး နာရီ ဒီဇိုင်နာ Ollivier Saveo နဲ့ ပူးပေါင်းထားပြီး ရွှေရောင်နဲ့ အပြာရောင် ထုတ်လုပ်ထားပါတယ်။

Realme is launching 12 Pro with 12 GB RAM and 512 GB storage

realme 12 Pro Supreme Edition မှာ microSD Slot မပါပါဘူး။ တရုတ်မှာ ၂,၁၉၉ ယွမ် ( ၃၀၅ ဒေါ်လာ) သတ်မှတ်ထားပြီး ၃၂၅ ဒေါ်လာနဲ့ ရောင်းချထားတဲ့ 8/256GB နိုင်ငံတကာ မော်ဒယ်ထက် ဈေးသက်သာပါတယ်။

realme 12 Pro Supreme Edition ကို တရုတ်က realme China Website မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena