ပြီးခဲ့တဲ့ တစ်ပတ်က realme က 13 Pro နဲ့ 13 Pro+ ကို ဇူလိုင်လမှာ ကြေညာမယ်လို့ အသိပေးခဲ့ပေမယ့် နေ့ရက် အတိအကျကို မပြောခဲ့ပါဘူး။ အခုတော့ ကုမ္ပဏီက အဲဒီဖုန်းတွေကို အိန္ဒိယမှာ ဇူလိုင်လ ၃၀ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme 13 Pro and Pro+'s launch date announced

realme က အရင်က realme 13 Pro နဲ့ Pro+ မှာ 50MP Sony LTYIA Sensor ပါလာမယ်လို့ ပြောထားပါတယ်။ ကုမ္ပဏီက ဖုန်း ၂ လုံးရဲ့ ကင်မရာ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။ ကုမ္ပဏီက Pro+ မှာ Dual Main ကင်မရာ စနစ် ထည့်သွင်းထားမှာ ဖြစ်ပြီး 50MP Main (OIS) နဲ့ 50MP Periscope Telephoto (3x Optical Zoom) ကင်မရာတွေ တပ်ဆင်ထားမှာပါ။ ပထမ ကင်မရာမှာ Sony LYT-701 Sensor နဲ့ ဒုတိယ ကင်မရာမှာ Sony LYT-600 Sensor ကို အသုံးပြုထားမှာပါ။

realme က 13 Pro+ ရဲ့ 50MP ကင်မရာတွေဟာ TUV Rheinland High Resolution Camera Certification ရထားပြီးပြီလို့ ပြောပါတယ်။

realme 13 Pro Series ကို Museum of Fine Arts (MFA), Boston နဲ့ ပူးပေါင်း ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Emerald Green, Monet Gold နဲ့ Monet Purple အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena