မျှော်လင့်ထားတဲ့အတိုင်းပဲ Realme ဟာ Realme 15 series ရဲ့ တတိယမြောက်ဖုန်းဖြစ်တဲ့ Realme 15T ကို  စက်တင်ဘာ ၃ ရက် မှာ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီ T-series မော်ဒယ်မှာ အနည်းငယ်ပိုသေးတဲ့ ၆.၅၇ လက်မ AMOLED display (FHD+ 120Hz) ကို သုံးထားပြီး အမြင့်ဆုံး brightness 4,000 nits အထိ ရရှိမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ screen မှာ 50MP selfie ကင်မရာနဲ့ လက်ဗွေရာစနစ် (in-display optical fingerprint sensor) တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Realme 15T

ဖုန်းမှာ Dimensity 6400 chipset ကို သုံးထားပြီး 8GB RAM နဲ့ 128GB/256GB storage ဆိုပြီး ရွေးချယ်စရာတွေ ပေးထားပါတယ်။ Realme 15T မှာ 15 series မော်ဒယ်တွေမှာလိုပဲ 7,000mAh ဘက်ထရီကြီးကို ဆက်လက်သုံးထားပေမယ့် အားအမြန်သွင်းစနစ်ကိုတော့ တခြားမော်ဒယ်တွေရဲ့ 80W အစား 60W အထိ လျှော့ချထားပါတယ်။

Realme 15T key specs

ကျောဘက်မှာတော့ f/1.8 aperture ရှိတဲ့ 50MP main camera နဲ့ 2MP depth sensor တို့ ပါဝင်ပါတယ်။ ဒီဖုန်းဟာ ရေနဲ့ဖုန်ဒဏ်ခံနိုင်တဲ့ IP66/68/69 အဆင့် သတ်မှတ်ချက်ပါဝင်ပြီး Android 15 ကို အခြေခံထားတဲ့ Realme UI 6.0 နဲ့အတူ ထွက်ရှိလာတာ ဖြစ်ပါတယ်။

Realme 15T ကို Flowing Silver, Silk Blue နဲ့ Suit Titanium ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာပါ။ 8/128GB မော်ဒယ်က အိန္ဒိယရူပီး ၁၈,၉၉၉ (အမေရိကန်ဒေါ်လာ ၂၁၅ ခန့်) ကနေ စတင်မှာဖြစ်ပြီး 8/256GB မော်ဒယ်ကတော့ ရူပီး ၂၂,၉၉၉ (အမေရိကန်ဒေါ်လာ ၂၆၀ ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပထမဆုံးအနေနဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena