Realme 16 Pro တွေထွက်ပြီးလို့ သိပ်မကြာခင်မှာပဲ ဒီနေ့ ဗီယက်နမ် မှာ Realme 16 ရိုးရိုးဗားရှင်းကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းရဲ့ ဒီဇိုင်းကတော့ အတော်လေး ဆန်းသစ်တယ်လို့ ပြောရပါမယ်။ iPhone Air နဲ့ Google Pixel တို့ရဲ့ ပုံစံကို ပေါင်းစပ်ထားတဲ့ “Air Design” ကို သုံးထားပြီး ကျောဘက်က camera visor လေးနဲ့ အတော်လေး ကြည့်ကောင်းနေပါတယ်။

Realme 16 goes official with Air Design, Dimensity 6400 Turbo and 7,000mAh battery

ဒီဖုန်းရဲ့ အမိုက်ဆုံး feature တစ်ခုကတော့ ကျောဘက်မှာပါတဲ့ Selfie mirror ပါပဲ။ ပုံမှန်ရှေ့ကင်မရာတင် မကဘဲ ကျောဘက် 50MP (IMX852) ကင်မရာနဲ့ပါ Selfie ဆွဲချင်သူတွေအတွက် မှန်လေးကြည့်ပြီး ရိုက်လို့ရအောင် စီစဉ်ပေးထားတာပါ။ ရှေ့ဘက်မှာလည်း 6.57 လက်မ AMOLED screen နဲ့ 50MP Selfie ကင်မရာ ပါဝင်ပြီး နေရောင်အောက်မှာတောင် ရှင်းရှင်းလင်းလင်းမြင်ရမယ့် 4,500 nits အလင်းအား ပါဝင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ MediaTek Dimensity 6400 Turbo chipset ကို သုံးထားပြီး အံ့ဩစရာကောင်းတာက 7,000 mAh ဆိုတဲ့ ဧရာမ ဘက်ထရီကြီး ထည့်ထားတာတောင် ဖုန်းအထူက 8.1mm ပဲ ရှိတာပါပဲ။ အလေးချိန်ကလည်း ၁၈၃ ဂရမ်ပဲရှိပြီး ကိုင်ရတာ ပေါ့ပါးနေမှာပါ။ ဒါ့အပြင် ရေစိုဒဏ်ခံနိုင်မှုအတွက် IP69K အဆင့်ထိ ပါဝင်တာမို့ တော်တော်လေး အကြမ်းခံမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ ဗီယက်နမ်မှာ 8/256GB မော်ဒယ်ကို ဒေါ်လာ ၄၄၃ ဝန်းကျင်နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ White Swan နဲ့ Black Cloud ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး မကြာခင်မှာ တခြားနိုင်ငံတွေဆီပါ ရောက်လာဖို့ ရှိနေပါတယ်။

Ref: gsmarena