Realme ကနေ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ဖုန်းသစ်အဖြစ် ကင်မရာပိုင်းကို အထူးအသားပေးထားတဲ့ Realme 16 Pro+ ကို မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ အသားအရောင်နဲ့ အလင်းအမှောင်တွေကို ပိုပြီးသဘာဝကျကျ ထွက်လာစေမယ့် LumaColor Image နည်းပညာကို ပထမဆုံး သုံးထားတာ တွေ့ရပါတယ်။ အဓိက ကင်မရာအနေနဲ့ 200MP (Samsung HP5 Sensor) ကို သုံးထားတဲ့အပြင် အဝေးက ပုံတွေကို အနီးကပ် ရိုက်ကူးနိုင်မယ့် 50MP Periscope Telephoto ကင်မရာလည်း ပါဝင်ပါတယ်။ အဲဒီ ကင်မရာက 3.5x Optical Zoom ကနေ အဆပေါင်း ၁၂၀ အထိ ဆွဲရိုက်လို့ ရမှာ ဖြစ်သလို၊ ရှေ့ဘက်မှာလည်း 50MP ဆဲလ်ဖီကင်မရာကို တပ်ဆင်ပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Snapdragon 7 Gen 4 Chipset ကို သုံးထားပြီး မျက်နှာပြင်က 6.8 လက်မ AMOLED Display ဖြစ်တာကြောင့် ရုပ်ထွက်ပိုင်းမှာ အထူးကောင်းမွန်ပါတယ်။ ဘက်ထရီပိုင်းမှာလည်း 7,000mAh ပမာဏ အကြီးကြီး ပါဝင်တဲ့အပြင် 80W အမြန်အားသွင်းစနစ်နဲ့ အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် IP69 Rating ပါဝင်တာကြောင့် ရေဒဏ်နဲ့ ဖုန်ဒဏ်ကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ဒီဖုန်းကို ဂျပန်ဒီဇိုင်နာ Naoto Fukasawa က ဒီဇိုင်းဆွဲပေးထားတာဖြစ်ပြီး Master Gold၊ Master Grey နဲ့ Camellia Pink ဆိုပြီး အရောင်သုံးမျိုး ထွက်ရှိလာပါတယ်။

ဈေးနှုန်းအနေနဲ့ RAM နဲ့ Storage အပေါ် မူတည်ပြီး ၃၉,၉၉၉ ရူပီး (၄၄၃ ဒေါ်လာဝန်းကျင်) ကနေ ၄၄,၉၉၉ ရူပီး (၄၉၈ ဒေါ်လာဝန်းကျင်) အထိ အသီးသီး ရှိမှာ ဖြစ်ပါတယ်။ ဒီဖုန်းကို အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီ ၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။


Ref : gsmarena