Unicode

Realme ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Realme X50 5G စမတ်ဖုန်းနဲ့အတူ Realme UI အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Realme UI ကို ပထမဆုံးအနေနဲ့ Update ရရှိလာတဲ့ စမတ်ဖုန်းတစ်လုံးကို မြင်ရပြီပဲဖြစ်ပါတယ်။ ဒါကတော့ Realme 3 Pro စမတ်ဖုန်းပဲဖြစ်ပါတယ်။

Realme UI ဟာ OPPO ရဲ့ ColorOS 7 ကို အခြေခံထားတုန်းပဲဖြစ်ပေမယ့်လည်း ပိုပြီး Clean ဖြစ်လာသလို တချို့သော Realme စမတ်ဖုန်းတွေမှာပဲ ရရှိလာမယ့် Feature တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Realme UI ဟာ Android 10 ကို အခြေခံထားတဲ့အတွက် UI Design ပိုင်းမှာလည်း ပြောင်းလဲမှုတွေရှိလာမယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဒီ Realme 3 Pro အတွက် Realme UI Update ကို တရားဝင် Stable Version အနေနဲ့ စတင်ထုတ်ပေးနေပြီဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ဖုန်းထဲက System Update ကနေတစ်ဆင့် အလွယ်တကူ Update ပြုလုပ်နိုင်မှာပါ။ တကယ်လို့ မရရှိသေးဘူးဆိုရင်လည်း ရက်အနည်းငယ်စောင့်ကြည့်တာ သို့မဟုတ် Automatic Updates ကို Setting ထဲမှာ ပိတ်ထားခြင်းရှိမရှိကို စောင့်ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။

အခု Realme 3 Pro အတွက် Update Version ကတော့ RMX1851EX_11_C.01 လို့ သိရပြီးတော့ Changelog အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာပါ။

Ref – GSM Arena

Zawgyi

Realme ကေန မၾကာေသးခင္တုန္းက မိတ္ဆက္ခဲ့တဲ့ Realme X50 5G စမတ္ဖုန္းနဲ႔အတူ Realme UI အသစ္ကိုပါ မိတ္ဆက္သြားခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ Realme UI ကို ပထမဆုံးအေနနဲ႔ Update ရရွိလာတဲ့ စမတ္ဖုန္းတစ္လုံးကို ျမင္ရၿပီပဲျဖစ္ပါတယ္။ ဒါကေတာ့ Realme 3 Pro စမတ္ဖုန္းပဲျဖစ္ပါတယ္။

Realme UI ဟာ OPPO ရဲ႕ ColorOS 7 ကို အေျခခံထားတုန္းပဲျဖစ္ေပမယ့္လည္း ပိုၿပီး Clean ျဖစ္လာသလို တခ်ိဳ႕ေသာ Realme စမတ္ဖုန္းေတြမွာပဲ ရရွိလာမယ့္ Feature ေတြလည္းပါဝင္လာမွာျဖစ္ပါတယ္။ ဒီ Realme UI ဟာ Android 10 ကို အေျခခံထားတဲ့အတြက္ UI Design ပိုင္းမွာလည္း ေျပာင္းလဲမႈေတြရွိလာမယ္လို႔ သိရပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒီ Realme 3 Pro အတြက္ Realme UI Update ကို တရားဝင္ Stable Version အေနနဲ႔ စတင္ထုတ္ေပးေနၿပီျဖစ္ၿပီး အသုံးျပဳသူေတြအေနနဲ႔ ဖုန္းထဲက System Update ကေနတစ္ဆင့္ အလြယ္တကူ Update ျပဳလုပ္ႏိုင္မွာပါ။ တကယ္လို႔ မရရွိေသးဘူးဆိုရင္လည္း ရက္အနည္းငယ္ေစာင့္ၾကည့္တာ သို႔မဟုတ္ Automatic Updates ကို Setting ထဲမွာ ပိတ္ထားျခင္းရွိမရွိကို ေစာင့္ၾကည့္ဖို႔လိုအပ္မွာျဖစ္ပါတယ္။

အခု Realme 3 Pro အတြက္ Update Version ကေတာ့ RMX1851EX_11_C.01 လို႔ သိရၿပီးေတာ့ Changelog အျပည့္အစုံကိုေတာ့ ေအာက္မွာ ၾကည့္ရႈႏိုင္မွာပါ။

Ref – GSM Arena