[Unicode]

ပြီးခဲ့တဲ့နှစ် သြဂုတ်လဝန်းကျင်လောက်က Realme 5 ကို စတင်ပြီး ပွဲထုတ်ခဲ့တာပါ။ ဒီနောက်မှာတော့ Realme 5 Pro ကို ဆက်ပြီး မိတ်ဆက်ခဲ့ပါတယ်။ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေကြောင့် ဈေးကွက်ထဲမှာ နေရာရလာတဲ့ Realme ဟာ Realme 5 series နဲ့လည်း ရလဒ်ကောင်းတွေ ရခဲ့ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်ကုန်ဆုံးသွားချိန်မှာ ကမ္ဘာတစ်ဝန်းကို တင်ပို့ရောင်းချခဲ့ရတဲ့ Realme 5 series တွေက အလုံးရေပေါင်း ၅.၅ သန်းကျော်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို Realme အိန္ဒိယရဲ့ CEO ဖြစ်တဲ့ Madhav Sheth က တွစ်တာမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ မျှဝေခဲ့တာပါ။

Realme 5 series ထဲမှာ Realme 5, Realme 5 Pro, Realme 5s တို့ပါဝင်ပြီး ဒီရက်ပိုင်းမှာပဲ ဗီယက်နမ်ဈေးကွက်ထဲ ဖြန့်ခဲ့တဲ့ Realme 5i တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကရောင်းအားကတော့ Realme 5, Realme 5 Pro နဲ့ Realme 5s တို့ကြောင့် ရရှိခဲ့တာပါ။ ဒီဟန်းဆက် သုံးမျိုးစလုံးက ကျောဘက်ကင်မရာ လေးလုံးစီ တပ်ဆင်ထားတာပါ။

၂၀၁၉ ခုနှစ်မှာ စမတ်ဖုန်းတွေရဲ့ အဓိက ခေတ်ရေစီးကြောင်းဖြစ်တဲ့ ကျောဘက်ကင်မရာလေးလုံး ဖက်ရှင်ကို Realme က အမိအရ ဆုပ်ကိုင်နိုင်ခဲ့တာကြောင့် အခုလို ၅.၅သန်းကျော် ရောင်းချနိုင်ခဲ့တာလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် Realme အနေနဲ့ ၂၀၂၀ မှာလည်း ခေတ်မီပြီး ဈေးနှုန်းသက်သာတဲ့ ဘယ်လိုဟန်းဆက်တွေကို ထုတ်လုပ်ရောင်းချဦးမလဲဆိုတာကို စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

၂၀၁၉ ခုႏွစ္ကုန္ဆုံးခ်ိန္မွာ အလုံးေရ ၅.၅ သန္းေက်ာ္ေရာင္းခ်ခဲ့ရတဲ့ Realme 5 Series

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လဝန္းက်င္ေလာက္က Realme 5 ကို စတင္ၿပီး ပြဲထုတ္ခဲ့တာပါ။ ဒီေနာက္မွာေတာ့ Realme 5 Pro ကို ဆက္ၿပီး မိတ္ဆက္ခဲ့ပါတယ္။ ေဈးႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္းေတြေၾကာင့္ ေဈးကြက္ထဲမွာ ေနရာရလာတဲ့ Realme ဟာ Realme 5 series နဲ႔လည္း ရလဒ္ေကာင္းေတြ ရခဲ့ပါတယ္။

တ႐ုတ္အေျခစိုက္ကုမၸဏီဟာ ၂၀၁၉ ခုႏွစ္ကုန္ဆုံးသြားခ်ိန္မွာ ကမာၻတစ္ဝန္းကို တင္ပို႔ေရာင္းခ်ခဲ့ရတဲ့ Realme 5 series ေတြက အလုံးေရေပါင္း ၅.၅ သန္းေက်ာ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီသတင္းကို Realme အိႏၵိယရဲ႕ CEO ျဖစ္တဲ့ Madhav Sheth က တြစ္တာမွာ ဂုဏ္ယူဝံ့ႂကြားစြာနဲ႔ မွ်ေဝခဲ့တာပါ။

Realme 5 series ထဲမွာ Realme 5, Realme 5 Pro, Realme 5s တို႔ပါဝင္ၿပီး ဒီရက္ပိုင္းမွာပဲ ဗီယက္နမ္ေဈးကြက္ထဲ ျဖန႔္ခဲ့တဲ့ Realme 5i တို႔ ပါဝင္မွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဓိကေရာင္းအားကေတာ့ Realme 5, Realme 5 Pro နဲ႔ Realme 5s တို႔ေၾကာင့္ ရရွိခဲ့တာပါ။ ဒီဟန္းဆက္ သုံးမ်ိဳးစလုံးက ေက်ာဘက္ကင္မရာ ေလးလုံးစီ တပ္ဆင္ထားတာပါ။

၂၀၁၉ ခုႏွစ္မွာ စမတ္ဖုန္းေတြရဲ႕ အဓိက ေခတ္ေရစီးေၾကာင္းျဖစ္တဲ့ ေက်ာဘက္ကင္မရာေလးလုံး ဖက္ရွင္ကို Realme က အမိအရ ဆုပ္ကိုင္ႏိုင္ခဲ့တာေၾကာင့္ အခုလို ၅.၅သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့တာလို႔ ဆိုရပါလိမ့္မယ္။ ဒါေၾကာင့္ Realme အေနနဲ႔ ၂၀၂၀ မွာလည္း ေခတ္မီၿပီး ေဈးႏႈန္းသက္သာတဲ့ ဘယ္လိုဟန္းဆက္ေတြကို ထုတ္လုပ္ေရာင္းခ်ဦးမလဲဆိုတာကို ေစာင့္ၾကည့္ၾကရဦးမွာပဲ ျဖစ္ပါတယ္။

Ref: Gizmochina