[Unicode]

realme အနေဖြင့် ကမ္ဘာ့စမတ်ဖုန်းလောကသို့ ဝင်ရောက်လာခဲ့ပြီးနောက် ခေတ်လူငယ်များပိုမိုနှစ်သက်သဘောကျစေမည့် စမတ်ဖုန်းထုတ်ကုန်များကို မိတ်ဆက်ထုတ်လုပ်ပေးလာခဲ့ခြင်းနှင့်အတူ လူငယ်များကြိုက်နှစ်သက်သည့် စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် အချိန်တိုအတွင်းရပ်တည်လာခဲ့သလို လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့်-၇ စမတ်ဖုန်းထုတ်လုပ်သူအဖြစ်ပါ ရပ်တည်ထားသည်။ realme အနေဖြင့် ယခု ၂ဝ၂ဝ အတွင်း Product Ecosystem တစ်ခုကို ပိုမိုပီပြင်စွာထွက်ပေါ်လာစေရန်အတွက် ထုတ်ကုန်အချင်းချင်းချိတ်ဆက်အသုံးပြုနိုင်စေမည့် IoT (Internet of Things) ထုတ်ကုန်အဖြစ် Smart Watch များကိုပါ မိတ်ဆက်ပေးသွားရန် ပြင်ဆင်လျက်ရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၉ အကုန်ပိုင်းတွင် နိုင်ငံတကာဈေးကွက်နှင့် မြန်မာပြည်ဈေးကွက်သို့ realme 5 series ထုတ်ကုန်များတင်ပို့ရောင်းချခဲ့ရာတွင် အလုံးရေ ၆သန်းကျော်အထိရောင်းချခဲ့ရသည်။ အဆိုပါ ထုတ်ကုန်များတွင် realme 5၊ realme 5 Pro၊ realme 5s နှင့် သိပ်မကြာခင်က အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား အစရှိသည့်နိုင်ငံတို့တွင် မိတ်ဆက်ပေးခဲ့သည့် realme 5i တို့ပါဝင်ခဲ့ကြပြီး မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက်လည်း realme 5i စမတ်ဖုန်းသစ်ကို ယခု ၂ဝ၂ဝ၊ ဇန်နဝါရီလ လကုန်ပိုင်းတွင် မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

realme Myanmar အနေဖြင့် realme 5i အတွက် ဈေးကွက်တွင် ပိုမိုလူကြိုက်များ တောင်းဆိုလာသည့် RAM+ROM တွဲဖက်မှုအဖြစ် 4+64 version ကို အဓိကထားတင်သွင်းပေးသွားမည်ဖြစ်ပြီး ပိုမိုဆွဲဆောင်မှုရှိစေမည့် ဈေးနှုန်းမျိုးဖြင့်ပါရောင်းချပေးသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ realme 5i တွင် Quad Camera၊ 5000 mAh battery တို့နှင့်အတူ ကောင်းမွန်သည့် feature များပါဝင်လာမည်ဖြစ်ပြီး နောက်ကျောဘက် cover texture မှာ လက်ဗွေယာမထင်သည့် material ကိုအသုံးပြုပေးထားမည်ဖြစ်သည်။ လာမည့် realme 5i မိတ်ဆက်ပွဲတွင် နည်းပညာလောကမှ တောင်းဆိုနေကြည့် True Wireless အမျိုးအစားဖြစ်သည့် realme Buds Air ကိုပါ တစ်ပါတည်းမိတ်ဆက်ပေးသွားမည်။

[Zawgyi]

realme 5i နဲ႔ realme Buds Air တို႔ကို ျမန္မာႏိုင္ငံမွာ ယခုဇန္နဝါရီလအတြင္း မိတ္ဆက္ေပးသြားမည္

realme အေနျဖင့္ ကမ႓ာ့စမတ္ဖုန္းေလာကသို႔ ဝင္ေရာက္လာခဲ့ၿပီးေနာက္ ေခတ္လူငယ္မ်ားပိုမိုႏွစ္သက္သေဘာက်ေစမည့္ စမတ္ဖုန္းထုတ္ကုန္မ်ားကို မိတ္ဆက္ထုတ္လုပ္ေပးလာခဲ့ျခင္းႏွင့္အတူ လူငယ္မ်ားႀကိဳက္ႏွစ္သက္သည့္ စမတ္ဖုန္းအမွတ္တံဆိပ္အျဖစ္ အခ်ိန္တိုအတြင္းရပ္တည္လာခဲ့သလို လက္႐ွိအခ်ိန္တြင္ ကမ႓ာ့အဆင့္-၇ စမတ္ဖုန္းထုတ္လုပ္သူအျဖစ္ပါ ရပ္တည္ထားသည္။ realme အေနျဖင့္ ယခု ၂ဝ၂ဝ အတြင္း Product Ecosystem တစ္ခုကို ပိုမိုပီျပင္စြာထြက္ေပၚလာေစရန္အတြက္ ထုတ္ကုန္အခ်င္းခ်င္းခ်ိတ္ဆက္အသုံးျပဳႏိုင္ေစမည့္ IoT (Internet of Things) ထုတ္ကုန္အျဖစ္ Smart Watch မ်ားကိုပါ မိတ္ဆက္ေပးသြားရန္ ျပင္ဆင္လ်က္႐ွိသည္။

ၿပီးခဲ့သည့္ ၂ဝ၁၉ အကုန္ပိုင္းတြင္ ႏိုင္ငံတကာေဈးကြက္ႏွင့္ ျမန္မာျပည္ေဈးကြက္သို႔ realme 5 series ထုတ္ကုန္မ်ားတင္ပို႔ေရာင္းခ်ခဲ့ရာတြင္ အလုံးေရ ၆သန္းေက်ာ္အထိေရာင္းခ်ခဲ့ရသည္။ အဆိုပါ ထုတ္ကုန္မ်ားတြင္ realme 5၊ realme 5 Pro၊ realme 5s ႏွင့္ သိပ္မၾကာခင္က အိႏၵိယ၊ ဗီယက္နမ္၊ ထိုင္း၊ အင္ဒိုနီး႐ွား အစ႐ွိသည့္ႏိုင္ငံတို႔တြင္ မိတ္ဆက္ေပးခဲ့သည့္ realme 5i တို႔ပါဝင္ခဲ့ၾကၿပီး ျမန္မာျပည္မိုဘိုင္းေဈးကြက္အတြက္လည္း realme 5i စမတ္ဖုန္းသစ္ကို ယခု ၂ဝ၂ဝ၊ ဇန္နဝါရီလ လကုန္ပိုင္းတြင္ မိတ္ဆက္ေပးသြားမည္ျဖစ္သည္။

realme Myanmar အေနျဖင့္ realme 5i အတြက္ ေဈးကြက္တြင္ ပိုမိုလူႀကိဳက္မ်ား ေတာင္းဆိုလာသည့္ RAM+ROM တြဲဖက္မႈအျဖစ္ 4+64 version ကို အဓိကထားတင္သြင္းေပးသြားမည္ျဖစ္ၿပီး ပိုမိုဆြဲေဆာင္မႈ႐ွိေစမည့္ ေဈးႏႈန္းမ်ိဳးျဖင့္ပါေရာင္းခ်ေပးသြားႏိုင္ရန္ စီစဥ္လ်က္႐ွိေၾကာင္း သိ႐ွိရသည္။ realme 5i တြင္ Quad Camera၊ 5000 mAh battery တို႔ႏွင့္အတူ ေကာင္းမြန္သည့္ feature မ်ားပါဝင္လာမည္ျဖစ္ၿပီး ေနာက္ေက်ာဘက္ cover texture မွာ လက္ေဗြယာမထင္သည့္ material ကိုအသုံးျပဳေပးထားမည္ျဖစ္သည္။ လာမည့္ realme 5i မိတ္ဆက္ပြဲတြင္ နည္းပညာေလာကမွ ေတာင္းဆိုေနၾကည့္ True Wireless အမ်ိဳးအစားျဖစ္သည့္ realme Buds Air ကိုပါ တစ္ပါတည္းမိတ္ဆက္ေပးသြားမည္။