Unicode

Realme ကနေ India မှာ Budget ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Realme 5i ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အခု Realme 5i ဟာ ဒီနှစ်အတွက် ပထမဆုံးမိတ်ဆက်လာတဲ့ Budget ဖုန်းတစ်လုံးဖြစ်လာပြီး စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၁၀၀ ကျော်ပဲ ကျသင့်မှာဖြစ်ပါတယ်။

Realme 5i မှာ 6.5″ ရှိတဲ့ HD+ Display ကို အသုံးပြုထားပြီး Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ Selfie Camera အတွက်ကိုတော့ ပြီးခဲ့တဲ့ Realme 5 တုန်းကထက် ၃၉ ရာခိုင်နှုန်းပိုပြီး သေးငယ်တဲ့ Mini-drop Display Notch ကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအတွက် ဒီ Realme 5i စမတ်ဖုန်းဟာ Screen-to-Body Ratio အနေနဲ့ ၈၉ ရာခိုင်နှုန်းအထိ ရှိလာတာလည်းဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 665 Processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပါတယ်။ Storage ကိုလည်း MicroSD Card ကနေ 256GB အထိ တိုးမြှင့်နိုင်ဦးမှာပါ။

Camera ပိုင်းမှာတော့ Realme 5i စမတ်ဖုန်းမှာ Quad Rear Camera ကို ထည့်သွင်းထားပြီး 12MP Primary Sensor ၊ 8MP Ultra-wide Sensor ၊ 2MP Portrait Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ ဒီ Camera Setup မှာ Super Nightscape 2.0 အပြင် EIS ၊ 4K Video Recording နဲ့ 240fps Slow-motion Video တွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Battery အနေနဲ့တော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး စစခြင်းအနေနဲ့တော့ ColorOS 6.1 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါပေမယ့် Realme ရဲ့ ပြောကြားချက်အရတော့ ရောင်းချတဲ့အချိန်မှာ Realme UI ကို Update ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

အခု Realme 5i စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့တော့ အိန္ဒိယရူပီး ၈,၉၉၉ ခန့်ကျသင့်မှာဖြစ်တဲ့အတွက် မြန်မာငွေအနေနဲ့ဆိုရင် ၁ သိန်း ၈ သောင်းဝန်းကျင်ပဲ ကျသင့်မှာပါ။

Ref – Android Authority

Zawgyi

Realme ကေန India မွာ Budget ဖုန္းသစ္တစ္လုံးျဖစ္တဲ့ Realme 5i ကို တရားဝင္မိတ္ဆက္လိုက္ပါတယ္။ အခု Realme 5i ဟာ ဒီႏွစ္အတြက္ ပထမဆုံးမိတ္ဆက္လာတဲ့ Budget ဖုန္းတစ္လုံးျဖစ္လာၿပီး ေစ်းႏႈန္းအေနနဲ႔လည္း ေဒၚလာ ၁၀၀ ေက်ာ္ပဲ က်သင့္မွာျဖစ္ပါတယ္။

Realme 5i မွာ 6.5″ ရွိတဲ့ HD+ Display ကို အသုံးျပဳထားၿပီး Corning Gorilla Glass 3 နဲ႔ ဖုံးအုပ္ေပးထားပါတယ္။ Selfie Camera အတြက္ကိုေတာ့ ၿပီးခဲ့တဲ့ Realme 5 တုန္းကထက္ ၃၉ ရာခိုင္ႏႈန္းပိုၿပီး ေသးငယ္တဲ့ Mini-drop Display Notch ကို ထည့္သြင္းခဲ့ပါတယ္။ အဲ့ဒီအတြက္ ဒီ Realme 5i စမတ္ဖုန္းဟာ Screen-to-Body Ratio အေနနဲ႔ ၈၉ ရာခိုင္ႏႈန္းအထိ ရွိလာတာလည္းျဖစ္ပါတယ္။

Performance ပိုင္းအေနနဲ႔ကေတာ့ Qualcomm Snapdragon 665 Processor ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ Storage 64GB ပါဝင္မွာျဖစ္ပါတယ္။ Storage ကိုလည္း MicroSD Card ကေန 256GB အထိ တိုးျမႇင့္ႏိုင္ဦးမွာပါ။

Camera ပိုင္းမွာေတာ့ Realme 5i စမတ္ဖုန္းမွာ Quad Rear Camera ကို ထည့္သြင္းထားၿပီး 12MP Primary Sensor ၊ 8MP Ultra-wide Sensor ၊ 2MP Portrait Sensor နဲ႔ 2MP Macro Sensor ေတြပါဝင္မွာျဖစ္ပါတယ္။ ဒီ Camera Setup မွာ Super Nightscape 2.0 အျပင္ EIS ၊ 4K Video Recording နဲ႔ 240fps Slow-motion Video ေတြကိုပါ ႐ိုက္ကူးႏိုင္မွာျဖစ္ပါတယ္။

Battery အေနနဲ႔ေတာ့ 5000mAh Battery ပါဝင္မွာျဖစ္ၿပီး စစျခင္းအေနနဲ႔ေတာ့ ColorOS 6.1 ကို အသုံးျပဳထားမွာျဖစ္ပါတယ္။ ဒါေပမယ့္ Realme ရဲ႕ ေျပာၾကားခ်က္အရေတာ့ ေရာင္းခ်တဲ့အခ်ိန္မွာ Realme UI ကို Update ျပဳလုပ္ေပးသြားမယ္လို႔ သိရပါတယ္။

အခု Realme 5i စမတ္ဖုန္းဟာ ေစ်းႏႈန္းအေနနဲ႔ေတာ့ အိႏၵိယ႐ူပီး ၈,၉၉၉ ခန္႔က်သင့္မွာျဖစ္တဲ့အတြက္ ျမန္မာေငြအေနနဲ႔ဆိုရင္ ၁ သိန္း ၈ ေသာင္းဝန္းက်င္ပဲ က်သင့္မွာပါ။

Ref – Android Authority