Realme 6 စမတ်ဖုန်းစီးရီးကို လာမယ့် မတ်လ ၅ ရက်နေ့မှာ မိတ်ဆက်ကြေညာသွားမယ်လို့ အတည်ပြုထားပြီးသားပါ။ Realme ဟာ ဒီပွဲမှာ Realme 6 နဲ့ 6 Pro စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပြီး Realme 6i မော်ဒယ်ကိုတော့ နောက်မှသက်သက် ထုတ်လာနိုင်ပါတယ်။

မိတ်ဆက်ရက်မတိုင်သေးခင်မှာ Realme 6 Pro ကို Geekbench ပေါ်မှာ တွေ့ခဲ့ရပြီး Benchmark ရမှတ်တွေနဲ့အတူ အဓိက Specs အချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ Realme 6 Pro ဖုန်းဟာ မော်ဒယ်နံပါတ် RMX2061 နဲ့ အစမ်းသပ်ခံခဲ့တာဖြစ်ပြီး Android 10 OS ကိုအခြေခံထားတဲ့ Realme UI နဲ့ထွက်ပေါ်လာမှာပါ။

Realme 6 Pro ရဲ့အတွင်းမှာ Snapdragon 720G ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး အခု Geekbench မှာလည်း Qualcomm ချစ်ပ်ဆက်တစ်ခု သုံးထားတယ်ဆိုတာ ဖော်ပြထားပါတယ်။ မန်မိုရီကတော့ 8GB RAM နဲ့ အစမ်းသပ်ခံထားတာဖြစ်ပါတယ်။

Realme ကိုယ်တိုင်ကလည်း ဒီဖုန်းရဲ့ Feature အချို့ကို အတည်ပြုပြီးသားပါ။ သူ့ရဲ့ Display မှာ 90Hz Refresh Rate ပါဝင်မှာဖြစ်ကာ အပေါ်ဘယ်ဘက်ထောင့်မှာတော့ Dual ဆဲလ်ဖီကင်မရာနှစ်လုံးတွဲအတွက် Punch-hole ထည့်သွင်းလာမှာဖြစ်ပါတယ်။

အဓိကကင်မရာအနေနဲ့ 64MP Sensor ကိုနောက်ဘက်မှာထည့်သွင်းလာမှာဖြစ်ပြီး Ultrawide, Telephoto နဲ့ Macro Sensor သုံးခုတို့ ဝန်းရံလာမှာပါ။ ပုံမှန်ဗားရှင်း Realme 6 မှာတော့ Helio G90 ချစ်ပ်ဆက်ကိုသာ အသုံးပြုလာမှာ ဖြစ်ပြီး ဆဲလ်ဖီကင်မရာကိုလည်း တစ်လုံးတည်း ထည့်သွင်းလာမယ်လို့ သတင်းထွက်ထားပါတယ်။

နောက်အပတ်ထဲမှာ Realme 6 စီးရီးကို မြင်တွေ့ရတော့မှာဖြစ်သလို သူတို့ရဲ့ ပထမဆုံး Fitness Tracker လက်ဝတ်ကိရိယာဖြစ်တဲ့ Realme Band ကိုလည်း အတူတကွ ပွဲထုတ်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China