အိန္ဒိယမှာ Realme က တန်ဖိုးနည်းပေမယ့် စွမ်းရည်လန်းတဲ့ Realme 6 Pro ကို ကြေညာလိုက်ပါတယ်။ 6/64GB ကို ၁၆,၉၉၉ ရူပီး ၊ 6/128GB ကို ၁၇,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၈,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်း၊ ၃ သိန်း ၄ သောင်းနဲ့ ၃ သိန်း ၅ သောင်း အသီးသီး ကျသင့်မှာပါ။ Lightning Blue နဲ့ Lightning Orange အရောင် ၂ မျိုး ရွေးချယ်နိုင်ပြီး ၁၃ ရက်နေ့မှာ Flipkart  , Realme Store နဲ့ မြေပြင် စတိုးတွေကနေ ရောင်းမှာပါ။

Realme 6 Pro မှာ Android 10 အခြေပြု Realme UI ထည့်သွင်းထားပါတယ်။ ၆.၆ လက်မ Full HD+ Ultra Smooth မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထည့်ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း မိုက်ပါတယ်။ Screen-to-body Ratio က ၉၀.၆ ရာခိုင်နှုန်းရှိတဲ့အတွက် Full Screen ဒီဇိုင်းက မိုက်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး Octa-core Snapdragon 720G SoC မောင်းနှင်ထားပါတယ်။ 8GB LPDDR4x Dual-channel RAM ထည့်သွင်းထားတဲ့အတွက် လျှင်မြန်သွက်လက်ပါတယ်။

အနောက်ဘက်မှာ 64MP Main , 12MP Telephoto , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ထည့်သွင်းထားပြီး 30fps နဲ့ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့အပြင် 20x Hybrid Zoom ထောက်ပံ့ပါတယ်။ 16MP Sony IMX471 နဲ့ 8MP Ultrawide ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch-hole မှာ တပ်ဆင်ထားပါတယ်။ UFS 2.1 Storage ပါတဲ့အပြင် 256GB microSD Card စိုက်နိုင်ပါတယ်။ 4G VoLTE, Wi-Fi 802.11ac, Bluetooth v5.1, GPS/ A-GPS, NavIC နဲ့ USB Type-C ဆက်သွယ်မှုတွေ ထောက်ပံ့ပါတယ်။

30W VOOC Flash Charge 4.0 Fast Charging နည်းပညာ ပါတဲ့ 4,300mAh ဘက်ထရီ ထည့်သွင်းထားတဲ့အတွက် အားသွင်းနှုန်းမြန်သလို ဘက်ထရီ သက်တမ်း လန်းပါတယ်။ Dolby Atmos နဲ့ Hi-Res Sound Quality ထည့်ထားပြီး ရေစိုခံတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Ref : gadgets.ndtv