Realme 2 ကတည်းကစပြီးတော့ ကုမ္ပဏီဟာ သူတို့ရဲ့ Mid-range ဖုန်းတွေအတွက် Pro ဗားရှင်းကိုလည်း ထည့်သွင်း မိတ်ဆက်ပေးခဲ့တာပါ။ Mid-range ဆိုပေမယ့် Pro အမျိုးအစားဖြစ်တာကြောင့် သူ့ရဲ့မိသားစုဝင်တွေထဲမှာတော့ ပိုပြီးကောင်းမွန်တဲ့ Hardware ပိုင်းနဲ့ ထွက်ခဲ့တာ ဖြစ်ပါတယ်။

အခု Realme 6 စီးရီးမှာလည်း အစဉ်အလာအတိုင်း Pro ဗားရှင်းပါလာဦးမှာပါ။ Realme 6 Pro နဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း ထွက်ပေါ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် Realme 6 ကို New Pro အဖြစ် မြင်တွေ့ရမယ်လို့ ကုမ္ပဏီရဲ့ CEO ကိုယ်တိုင်က တွစ်တာမှာ Tease လုပ်ပြီး ပြောသွားတာပါ။

“New Pro” ဆိုတဲ့ ဝေါဟာရက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 2 Pro, 3 Pro, 5 Pro တွေပြီးတော့ 6 ကို ရောက်ချိန်မှာ New Pro လို့ဆိုထားတဲ့အပြင် ဈေးနှုန်းပိုင်းမှာလည်း အပြောင်းအလဲ ရှိလာမယ်လို့ Francis Wang က ဆိုပါတယ်။ ဈေးနှုန်းပိုင်းကိုကြည့်မယ်ဆိုရင် Realme 6 ဟာ Realme 5 ကို ဆက်မခံဘူးလို့ ဆိုထားပါတယ်။

ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို ပြောင်းလဲမှုအချို့နဲ့ အသစ်ဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ ဒါကြောင့် Realme 6 ဟာ ကုမ္ပဏီရဲ့ Pro အသစ်ဖြစ်ကြောင်း၊ ဒီအချက်တွေက ဈေးနှုန်းပိုင်းနဲ့ပတ်သက်ပြီး ရှင်းပြနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ပုံမှန် Realme 6 ဟာ Pro အသစ်ဆိုတဲ့အတွက် သူ့ရဲ့အရည်အသွေးဟာ အရင်Realme 5 Pro ထက် မြင့်မားမယ်လို့ ဆိုလိုပုံရပါတယ်။ တနည်းပြောရရင် ပုံမှန် Realme 6 ရဲ့ အရည်အသွေးက ပုံမှန် Pro အရည်အသွေးလိုပဲလို့ ဆိုလိုတာပါ။

ဒါကြောင့် Realme 6 Pro အမျိုးအစားရဲ့ အရည်အသွေးက (အရင် စီးရီးတွေတုန်းကထက်သိသိသာသာ) ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းမှာရှိနေပြီး ဈေးနှုန်းလည်း ပိုပြီးမြင့်တက်လာမယ်လို့ ယူဆရပါတယ်။ Realme Fan တွေအနေနဲ့ ပိုပြီးအရည်အသွေးမြင့်တဲ့ ထုတ်ကုန်ကို ရလာမှဖြစ်ပေမယ့် ပိုပြီးမြင့်မားလာတဲ့ တန်ဖိုးကိုလည်း ပေးချေရဖွယ်ရှိနေပါတယ်။

Ref: GSM Arena