realme 6 နဲ့ 6 Pro ကို ကြေညာထားတာ ၆ လလောက်ပဲရှိပါသေးတယ်။ အခုတော့ မျိုးဆက်သစ် realme 7 နဲ့ 7 Pro ကို ချပြလိုက်ပြီ ဖြစ်ပြီး အရင်မျိုးဆက်ထက် ကင်မရာ ၊ ဘက်ထရီနဲ့ အားသွင်းနှုန်းတွေ ပိုလန်းလာပါတယ်။

realme 7 Pro

realme 7 Pro အကြောင်း အရင် စပြောချင်ပါတယ်။ အဲဒီဖုန်းမှာ 6 Pro ရဲ့ Snapdragon 720G SoC ကိုပဲ ပြန်သုံးထားပေမယ့် တချို့ အပိုင်းတွေမှာ အများကြီး ပိုတိုးတက်လာပါတယ်။ အလန်းဆုံးက တန်ဖိုးကြီး X Series တွေမှာပဲ ထည့်ပေးထားတဲ့ 65W SuperDart Charging ပါလာတာပါ။ 7 Pro ရဲ့ 4,500mAh ဘက်ထရီကို ၃၄ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ realme က ကြေညာထားပါတယ်။

7 Pro မှာ ၆.၄ လက်မ FullHD+ မျက်နှာပြင် ပါလာပြီး 90Hz ကနေ  60Hz Refresh Rate ကို လျှော့ချထားတာက Fans တွေဟာ 90Hz LCD ထက် 60Hz AMOLED ကို တောင်းဆိုမှုကြောင့်လို့ realme က ရှင်းပြပါတယ်။ ကောင်းသွားတဲ့ အချက်က မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ Always-on မျက်နှာပြင် ပါလာတာပါ။ ကင်မရာတွေ အကြောင်းပြောရရင် အရှေ့ဘက်မှာ 32MP Punch Hole ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။

Android 10 အခြေပြု realme UI ပါလာပြီး Mirror Blue နဲ့ Mirror Silver ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 6/128GB နဲ့ 8/128GB တွေ ရွေးချယ်နိုင်ပြီး ၁၉,၉၉၉ နဲ့ ၂၁,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ ၃ သိန်း ၆ သောင်းနဲ့ ၄ သိန်းလောက် အသီးသီး တန်ကြေးရှိပြီး ၁၄ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

realme 7

realme 7 မှာ ၆.၅ လက်မ FullHD+ 90Hz LCD ပါလာပြီး ပူပူနွေးနွေး ကြေညာထားတဲ့ Helio G95 SoC ထည့်ထားတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ 30W Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ၆၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ realme က ပြောပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Macro , 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Android 10 အခြေပြု realme UI ၊ ဘေးဘက် လက်ဗွေရာ ကိရိယာ၊ microSD Card Slot တွေ ထောက်ပံ့ထားပါတယ်။ 6/64GB ကို ၁၄,၉၉၉ နဲ့ 8/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်းလောက် အသီးသီး ကျသင့်ပါတယ်။ ၁၀ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာ ဖြစ်ပြီး Mist White နဲ့ Mist Blue ၂ ရောင် ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena