ပြီးခဲ့တဲ့ ၁ ပတ်လောက်ကမှ ပူပူနွေးနွေး ကြေညာထားတဲ့ realme 7 ကို အိန္ဒိယမှာ ၁၀ ရက်နေ့က ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအားတွေ ကြမ်းနေပါတယ်။ realme အိန္ဒိယ စတိုးနဲ့ Flipkart ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပြီး ပထမ အသုတ်မှာတင် အလုံးရေ ၁ သိန်း ၈ သောင်းကျော်တောင် ရောင်းထွက်ခဲ့ပါတယ်။ ပထမအသုတ်မှာမရလိုက်တဲ့သူတွေအတွက် ၁၇ ရက်နေ့မှာ ဒုတိယ အသုတ် ရောင်းပေးမှာပါ။

အဲဒီ စမတ်ဖုန်းအတွက် Mist White နဲ့ Mist Blue ၂ ရောင် ရောင်းချပေးထားပါတယ်။ 6/64GB ကို ၁၄,၉၉၉ နဲ့ 8/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်းလောက် အသီးသီး ကျသင့်ပါတယ်။

realme 7 ဟာ MediaTek Helio G95 SoC ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ Android 10 အခြေပြု realme UI နဲ့ ၆.၅ လက်မ 90Hz FullHD+ LCD မျက်နှာပြင်‌တွေ ထည့်သွင်းထားပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole ဒီဇိုင်းထည့်ထားတာက ခေတ်မှီပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 30W Fast Charging Support ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထောက်ပံ့ထားတဲ့အတွက် ဘက်ထရီ သက်တမ်းကောင်းသလို အားသွင်းနှုန်း မြန်မှာပါ။

Ref : gsmarena