realme 7 Series တို့ကို အောက်တိုဘာလ ၂၉ ရက်အထိ ကြိုတင်မှာယူပါက realme Buds Wireless နှင့် Gift Box တို့ကို ရရှိနိုင်မည်။

realme Myanmar က Number Series ထုတ်ကုန်သစ်များဖြစ်ကြသော realme 7 နှင့် realme 7 Pro ထုတ်ကုန်များကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့်မိတ်ဆက်ပေးသွားခဲ့ပြီး New C Series ထုတ်ကုန်သစ်ဖြစ်သော realme C15 ကိုလည်း တစ်ပါတည်းထည့်သွင်းမိတ်ဆက်ပေးသွားခဲ့သည်။ realme 7 Sereis နှင့် realme C15 တို့၏ Online Launch Event အခမ်းအနားတွင် အထူးဖိတ်ကြားထားသော ဂီတအနုပညာရှင် “May” ကလည်း ပါဝင်တက်ရောက်သွားခဲ့ပြီး သူမ အသုံးပြုနေသည့် realme 7 Pro စမတ်ဖုန်းသစ်အတွက် သုံးစွဲမှုအတွေ့အကြုံနှင့် ဓာတ်ပုံပိုင်းဆိုင်ရာတို့ကို ဝေမျှပေးသွားခဲ့သည်။

realme 7 အတွက် Mist Blue နှင့် Mist White အရောင် ၂မျိုးရွေးချယ်နိုင်ပြီး 8GB RAM နှင့် 128GB ROM version တစ်မျိုးတည်းကိုသာ ဈေးနှုန်း ၃၉၉,၉ဝဝ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ realme 7 Pro ကိုလည်း 8GB RAM နှင့် 128GB ROM version အဖြစ်မိတ်ဆက်ပေးသွားခဲ့ပြီး ဈေးနှုန်း ၅၁၉,၉ဝဝ ကျပ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကာ အရောင်ရွေးချယ်မှုအဖြစ် Mirror Silver နှင့် Mirror Blue ၂ရောင်ကိုရွေးချယ်နိုင်စေမည်ဖြစ်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်ကာ realme 7 နှင့် realme 7 Pro ၂မျိုးစလုံးဝယ်ယူသူများအနေဖြင့် realme Smartband တစ်လုံးကို Standard Gift အဖြစ်ရရှိစေမည်ဖြစ်ပြီး အောက်တိုဘာလ ၂၉ရက်နေ့အထိ Pre-order ကြိုတင်မှာယူမည်ဆိုပါက ၄ သောင်းတန် realme Buds Wireless နားကြပ်နှင့် နောက်ထပ် Gift Box တစ်ခုတို့ကို အထူးအနေဖြင့်ရရှိနိုင်စေမည်ဖြစ်သည်။ realme 7 Series အတွက် First Sale စတင်ရောင်းချမှုကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

realme C15 အတွက် 4GB RAM နှင့် 64GB ROM version ကို ဝယ်ယူနိုင်စေမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၂၁၉,၉ဝဝ ကျပ်ကျသင့်မည်ဖြစ်ကာ Seagull Silver နှင့် Marine Blue အရောင် ၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ realme C15 ကို ဈေးကွက်အတွင်း နိုဝင်ဘာလ အစောပိုင်းမှစတင်ကာရောင်းချပေးသွားရန်စီစဉ်ထားပြီး ရောင်းချမည့်အသေးစိတ်အချက်အလက်များကို realme Myanmar ၏ Official Facebook Page မှတစ်ဆင့် ဆက်လက်ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

realme 7 တွင် 6.5-inch FullHD Screen အမျိုးအစားကိုသုံးပေးထားပြီး မျက်နှာပြင်ထိတွေ့မြန်ဆန်မှုအပိုင်း ပိုမိုမြန်ဆန်စေမည့် 90Hz Screen Refresh Rate ကိုပါထည့်သွင်းပေးထားသည်။ ပိုမိုဆန်းသစ်သော နောက်ကျော်ဘက်ဒီဇိုင်းနှင့်အတူ ထင်ရှားသည့် Quad Camera စနစ်တပ်ဆင်ပေးထားသော Camera Set-up ဒီဇိုင်းပုံစံအသစ်ကိုပါ မြင်တွေ့ရမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားသော ဒုတိယမျိုးဆက် Sony IMX682 64MP sensor ကို အသုံးပြုပေးထားပြီး ဓာတ်ပုံရိုက်ကူးမှုအပိုင်းနှင့် video ရိုက်ကူးမှုအပိုင်းတွင် ယခင်ထက်ပိုမိုထူးခြားသော feature များကိုထိတွေ့အသုံးပြုရမည်ဖြစ်သည်။ Nightscape စနစ်ကို နောက်ဘက်ကင်မရာတွင်သာမက ရှေ့ဘက် In-Display 16MP Selfie Camera နှင့်ပါ တွဲဖက်အသုံးပြုနိုင်ဦးမည်ဖြစ်သည်။ နောက်ဘက်ဒုတိယကင်မရာအတွက် ၁၁၉ဒီဂရီအထိ မြင်ကွင်းကျယ်ပုံများရိုက်နိုင်စေမည့် 8MP Ultra Wide-angle lens၊ အနီးကပ်အနုစိပ်ပုံများအတွက် 2MP Macro Lens နှင့် အဖြူအမဲ Bokeh ပုံများအတွက် B&W Portrait lens တို့ကိုတပ်ဆင်အသုံးပြုပေးထားသည်။ Performance အတွက် MTK Helio G95 Chipset ကိုတိုးမြှင့်အသုံးပြုပေးထားကာ Octa-core 2.05GHz အထိအလုပ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ပိုကောင်းသည့် 5000mAh battery ကို တစ်နာရီကျော်လောက်ဖြင့် အားအပြည့်သွင်းပေးနိုင်မည့် Type-C အမျိုးအစား 30W Dart Charge အားသွင်းစနစ်ဖြင့်ပံ့ပိုးပေးထားခြင်းဖြစ်သည်။ Android 10 ကိုအခြေခံထားသည့် realme UI တွင် မြန်ဆန်သွက်လက်သည့်အတွေ့အကြုံများကိုထိတွေ့နိုင်စေမည်ဖြစ်သည်။ Fingerprint Security စနစ်ကို ဖုန်းဘေးဘက်တွင် Power Button နှင့်အတူ ထည့်သွင်းပေးထားသည်။

realme 7 Pro တွင် ပိုမိုမြန်ဆန်သွက်လက်သည့် အားအမြန်သွင်းစနစ်ဖြစ်သော 65W SuperDart Charge စနစ်ကိုစတင်အသုံးပြုပေးထားပြီး မြန်မာနိုင်ငံ၏လက်ရှိ Consumer Level တွင် အမြန်ဆုံးအားသွင်းစနစ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်ကာ 4500mAh battery ကို ၃၄ မိနစ်အတွင်းမှာပင် အားအပြည့်သွင်းပေးနိုင်စေမည် ဖြစ်သည်။ ထို့အပြင် 6.4-inch FullHD မျက်နှာပြင်အတွက် Super AMOLED Screen ကိုတိုးမြှင့်အသုံးပြုပေးထားပြီး ပိုမိုကောင်းမွန်သော Dolby Atoms အသံနည်းပညာပေါင်းစပ်ထားသည့် Stereo Speakers စနစ်ကို မြှင့်တင်အသုံးပြုပေးထားခြင်းကြောင့် Multimedia ပိုင်းအသုံးပြုခြင်းအတွက် ရုပ်ထွက်ပိုင်းနှင့် အသံပိုင်းတို့တွင် အမိုက်စားအဖြစ်ခံစားရရှိနိုင်စေမည်ဖြစ်သည်။ Security ပိုင်းအတွက် Under-Display Fingerprint စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး Always-on စနစ်ကိုပါ ထောက်ပံ့ပေးထားသည်။

နောက်ဘက်ကင်မရာပိုင်းအတွက် Quad Camera စနစ်ကိုတပ်ဆင်ပေးထားပြီး ဒုတိယမျိုးဆက် 64MP (Sony IMX682) sensor က ရုပ်ထွက်ကြည်လင်ပြတ်သားမှုအပိုင်းနှင့် ယခင် 64MP ထက်ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သလို အလင်းရောင်နည်းပါးသည့်အခြေအနေများတွင် ရိုက်ကူးမှုများအတွက်ပါ အထူးကောင်းမွန်လာခဲ့ပြီဖြစ်သည်။ Starry Mode စနစ်ကိုလည်း ပထမဆုံးအဖြစ်ထည့်သွင်းပေးထားသလို AI Colour Portrait စနစ်တို့ကိုပါ မိမိနှစ်သက်သလို ရိုက်ယူနိုင်စေမည်ဖြစ်သည်။ Nightscape စနစ်များကိုလည်း နောက်ဘက်ကင်မရာတွင်သာမကဘဲ ရှေ့ In-Display 32MP Selfie ကင်မရာနှင့်လည်း အလန်းဆုံးရိုက်ယူနိုင်စေမည်ဖြစ်ကာ မြန်မာပြည်ဈေးကွက်အတွက် realme ၏ ပထမဆုံး 32MP Selfie ကင်မရာစနစ်လည်းဖြစ်လာခဲ့သည်။ ပိုမိုစုံလင်ပြီး Pro ဆန်းသောကင်မရာလုပ်ဆောင်ချက်များကို realme 7 Pro တွင် အထူးခြားဆုံးအဖြစ်ပါ ထိတွေ့စမ်းသပ်အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။ နောက်ဘက် Quad Camera ဒီဇိုင်းမှာလည်း Number Series များတွင် အထူးခြားဆုံး ပုံစံအဖြစ်ဖန်တီးပေးထားခြင်းဖြစ်သည်။ 8MP Ultra Wide-angle lens၊ 2MP Macro lens နှင့် 2MP B&W Portrait lens တို့ကိုပါ မိမိနှစ်သက်သလို ရိုက်ကူးအသုံးပြုနိုင်စေမည်ဖြစ်သည်။

realme 7 Pro တွင် စွမ်းဆောင်မှုအပိုင်းတည်ငြိမ်ကောင်းမွန်သည့် Qualcomm ၏ Snapdragon 720G Chipset ကိုအသုံးပြုထားကာ Octa-core 2.3GHz အထိ အလုပ်လုပ်ပေးနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်အပိုင်းတွင် Optimization များ ပိုမိုကောင်းမွန်လာစေမည်လည်းဖြစ်ကြောင်းသိရှိရသည်။ realme 7 Pro ၏ နောက်ကျောဘက်ဒီဇိုင်းကို Anti-glare Split Design ကိုအခြေပြုဖန်တီးထားခြင်းကြောင့် မတူညီသည့် အပိုင်း၂ခု၏ ရောင်ပြန်ရောင်ပြေးပုံစံသစ်ကို Fashion ကျကျကိုင်တွယ်အသုံးပြုနိုင်စေမည်ဖြစ်သည်။ ယခုကဲ့သို့ ထူးခြားသည့် ဒီဇိုင်းကြောင့် အလေးချိန်ပိုင်းတွင် ယခင် realme 6 Pro ထက်ပိုမိုပေါ့ပါး,ပါးလွှာသော 182g နှင့် 8.7mm သာရှိစေမည်ဖြစ်သည်။

realme C15 ထုတ်ကုန်သစ်တွင် ကြီးမားသည့် 6000 mAh Mega battery နှင့်အတူ 18W Quick Charge (Type-C) အားသွင်းစနစ်ကိုထောက်ပံ့ပေးထားပြီး နောက်ကျော်ဘက်တွင် 13MP ပင်မကင်မရာနှင့်အတူ Quad Camera ကင်မရာ ၄လုံးစနစ်ကိုတပ်ဆင်အသုံးပြုပေးထားခြင်းဖြစ်သည်။ ယခုကဲ့သို့ နောက်ဘက်ကင်မရာ ၄လုံးအသုံးပြုပေးထားခြင်းမှာ realme C17 နောက်ပိုင်း ဒုတိယ အဆင့်မြှင့်တင်ထားသော C Series ထုတ်ကုန်အဖြစ် မြန်မာပြည်မိုဘိုင်းဈေးကွက်သို့ဝင်ရောက်လာခဲ့ခြင်းပြီး လေးထောင့်ဆန်သော ကင်မရာဒီဇိုင်းပုံစံသစ်ကို ထည့်သွင်းပေးထားခြင်းလည်းဖြစ်သည်။ မျက်နှာပြင်အရွယ်အစားမှာ HD ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားသော 6.5-inch Display ဖြစ်ပြီး မြင်းကွင်းကျယ်စနစ်ကိုအပြည့်အဝခံစားရစေမည်ဖြစ်သည်။ ရှေ့ဘက် Selfie ကင်မရာအတွက် 8MP အမျိုးအစားကို Mini-drop ဒီဇိုင်းအဖြစ်ထည့်သွင်းတပ်ဆင်ပေးထားသည်။ စွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm ၏ Snapdragon 460 Chipset ကိုအသုံးပြုထားသည့် ပထမဆုံး realme C15 စမတ်ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး သူ့ဈေးတန်းအလိုက် ကောင်းမွန်သည့်စွမ်းဆောင်မှုအရည်အသွေးကိုရရှိစေမည်ဖြစ်သည်။ ဖုန်း Security ပိုင်းအတွက် နောက်ကျော်ဘက်တွင် Fingerprint စနစ်ကိုထည့်သွင်းပေးထားသည်။