Realme ဟာ ဒီလအစောပိုင်းမှာ Realme 7 နဲ့ Realme 7 Pro တို့ကို အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်ပြီးဖြစ်ပါတယ်။ Realme 7 မိသားစုမှာ ကျန်နေသေးတာကတော့ Realme 7i ပါ။ Realme 7i ကို ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက အင်ဒိုနီးရှားဈေးကွက်ထဲမှာ မိတ်ဆက်သွားပါတယ်။

အိန္ဒိယဈေးကွက်အနေနဲ့ မကြာခင်အချိန်အတွင်းမှာ Realme 7i ကို ရရှိတော့မယ်လို့ ယုံကြည်ရပါတယ်။ အကြောင်းက ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်က Support page မှာ Realme 7i ကို တွေ့မြင်လာရလို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်ဟာ တရုတ်အခြေစိုက်ကုမ္ပဏီအတွက် ကြီးမားတဲ့ဈေးကွက်ဖြစ်တာကြောင့် ဒီမော်ဒယ်ကိုဖြန့်ချိဖို့ သိပ်ပြီးအချိန်ဆွဲနေမယ့်အလားအလာမရှိဘူးလို့လည်း သုံးသပ်ရပါတယ်။

Realme 7i ဟာ Snapdragon 662 SoC ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB ပါ။ Android 10 အခြေခံ Realme UI မောင်းနှင်ထားတာဖြစ်ပြီး 6.5-inch, 90Hz, HD+ LCD resolution မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာတော့ Punch-hole နဲ့အတူ 16MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။

ကျောဘက်မှာ တော့ 64MP Main Camera + 8MP (ultrawide) + 2MP (Monochrome) နဲ့ 2MP (depth sensor) တွေ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ Fingerprint scanner ကိုလည်း ကင်မရာတွေနဲ့အနီး ကျောပြင်ထက်မှာ တွေ့မြင်ရပါတယ်။ 5,000mAh ဘက်ထရီနဲ့ 18W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပြီး Aurora Green နဲ့ Polar Blue ဆိုပြီး အရောင်နှစ်မျိုး ထုတ်လုပ်ထားပါတယ်။

လက်ရှိအချိန်အထိတော့ Realme 7i ကို အိန္ဒိယဈေးကွက်ထဲမှာ ဈေးနှုန်းဘယ်လောက်နဲ့ရောင်းချမလဲဆိုတာ မသိရသေးပါဘူး။ လာမယ့် လထဲမှာတော့ သတင်းထူးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena