realme ဟာ စမတ်ဖုန်းအလုံးရေ သန်း ၅ဝ အထိ ရောင်းချထားနိုင်သော ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်ထားသည်။

realme က စတင်တည်ထောင်သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ (၂၇ လအတွင်း) ကမ္ဘာတစ်ဝန်းလုံးတွင် စမတ်ဖုန်းအလုံးရေ သန်း ၅ဝ အထိရောင်းချထားနိုင်သော ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအဖြစ် Counterpoint ကထုတ်ပြန်သည့်သတင်းအချက်အလက်များအရ ရပ်တည်ထားပြီဖြစ်သလို သုံးစွဲသူပေါင်း သန်း ၅ဝ အထိတိုးတက်ပွားများလာသည့်အချက်ကိုပါ မှတ်တမ်းတင်ပြသနိုင်ခြင်းလည်းဖြစ်သည်။ လက်ရှိအချိန်ထိ realme မှာ အထင်ကရဈေးကွက် (၁၃) ခုတွင် အဆင့်-၅ နေရာများရပ်တည်ထားပြီး မြန်မာနိုင်ငံစမတ်ဖုန်းဈေးကွက်တွင်လည်း အဆင့်-၅ နေရာကို လက်ရှိအချိန်ထိရယူထားခြင်းဖြစ်သည်။

အထူးသဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ လူငယ်သုံးစွဲသူများအတွက် ခေတ်ရှေ့ပြေးနည်းပညာနှင့် ထုတ်ကုန်ဒီဇိုင်းများကို ထိတွေ့သုံးစွဲနိုင်စေရန်ရည်ရွယ်ချက်ဖြင့် “Dare to Leap” ဆောင်ပုဒ်အတိုင်း တစိုက်မတ်မတ် အားထုတ်ရွက်ဆောင်နေခြင်းဖြစ်သလို နေ့စဉ်နှင့်အမျှ နောက်ထပ်သုံးစွဲသူ user သစ်များလည်း တိုးတက်လျက်ရှိသည်။

realme Myanmar အနေဖြင့် သိပ်မကြာသည့်အစောပိုင်းကာလတွင် realme 7 Series ထုတ်ကုန်သစ်များအဖြစ် realme 7 Pro နှင့် realme 7 တို့ကို မိတ်ဆက်ပေးထားခဲ့ပြီး ထူးခြားသည့် 64MP AI Quad Camera ကိုသုံးစွဲပေးထားကာ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကောင်းများကို အဆင့်မြှင့်တင်ပေးထားခြင်းဖြစ်သည်။ ယခုအခါတွင် realme 7 Series ၏ နောက်ဆက်တွဲထုတ်ကုန်သစ်အဖြစ် realme 7i ကို နိုဝင်ဘာလ (၂၆) ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခြင်းအခမ်းအနားဖြင့် ကြေညာပေးလိုက်ပြီဖြစ်ပြီး ယခု realme 7i စမတ်ဖုန်းသစ်တွင်လည်း 64MP AI Quad Camera ကိုအသုံးပြုပေးထားခြင်းကြောင့် ကောင်းမွန်သည့်ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများကိုပါရရှိစေဦးမည်ဖြစ်သည်။

realme 7i အတွက် Multitasking ပိုင်းနှင့် Data သိမ်းဆည်းမှုအပိုင်းအထူးကောင်းမွန်စေမည့် RAM 8GB+ROM 128GB version တစ်မျိုးတည်းကိုသာ ဈေးနှုန်း ၃ဝ၉,၉ဝဝ ကျပ်ဖြင့် ဒီဇင်ဘာလ (၁)ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင်ရောင်းချပေးသွားမည်ဖြစ်ပြီး အရောင်သစ်များအဖြစ် Aurora Green နှင့် Polar Blue ၂ရောင်ကို ရွေးချယ်နိုင်စေမည်ဖြစ်သည်။

realme 7i တွင် 6.5-inch HD+ ရုပ်ထွက်အရေအသွေးနှင့် ထိတွေ့အသုံးပြုမှုအပိုင်းမြန်ဆန်စေမည့် 90Hz Ultra Smooth Display ကိုထည့်သွင်းအသုံးပြုပေးထားသည်။ ကိုယ်ထည်နှင့်မျက်နှာပြင် အချိုးအစားမှာ 90% အထိရှိထားခြင်းကြောင့် ကျယ်ပြန့်သည့်မြင်ကွင်းကျယ်အတွေ့အကြုံကိုပါ ရရှိစေဦးမည်ဖြစ်သည်။ 64MP AI Quad Camera ၏အားသာချက်ကြောင့် ပိုကောင်းသည့် ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများကိုရရှိစေမည်ဖြစ်ပြီး အသစ်ထည့်သွင်းပေးထားသည့် Colour Filter များဖြင့် နေ့ဘက်တွင်သာမက ညဘက်ပိုင်းတွင်ပါ ဆန်းကြယ်လှပသောဓာတ်ပုံများကို ဖန်တီးနိုင်စေမည်ဖြစ်သည်။ ရှေ့ဘက် 16MP (Sony IMX471 Sensor) ကင်မရာဖြင့် AI Beautification၊ HDR၊ Colour Filter နှင့် အလှ Portrait ပုံများကို မိမိနှစ်သက်သလို ရိုက်ယူနိုင်စေမည့်အပြင် AI Beautification တွင် မျက်နှာအသွင်အပြင်များကိုပါ လိုအပ်သလို ချိန်ညှိရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။

ကြာရှည်ပိုခံစေမည့် 5000mAh Massive battery ကိုအသုံးပြုပေးထားပြီး ပုံမှန်ထက် အားသွင်းပိုမြန်စေမည့် 18W Quick Charge စနစ်ဖြင့်တွဲဖက်ပေးထားသည်။ ဖုန်း၏စွမ်းဆောင်ရည်ပိုင်းအတွက် 11nm တည်ဆောက်မှုအပေါ်အခြေခံထားသည့် Snapdragon 662 Chipset ကိုအသုံးပြုပေးထားပြီး Octa-core 2.0 GHz အထိ အလုပ်လုပ်ပေးနိုင်မည်ဖြစ်သည်။ Triple-slot tray ကြောင့် ပုံမှန် SIM Card ၂ခုအပြင် SD Card ကိုပါ တစ်ပြိုင်တည်းအသုံးပြုနိုင်စေမည်ဖြစ်သည်။ ဖုန်း၏ Security ပိုင်းအတွက် နောက်ကျော်ဘက်တွင် Fingerprint စနစ်ထည့်သွင်းပေးထားပြီး Face Unlock၊ Pattern Lock နှင့် Passcode တို့ကိုလည်း မိမိနှစ်သက်သလို အသုံးပြုနိုင်မည်ဖြစ်သည်။ Software ပိုင်းတွင် Android 10 ကို အခြေခံထားသည့် မြန်ဆန်သွက်လက်သော realme UI ကိုထိတွေ့အသုံးပြုရမည်ဖြစ်သည်။