realme 7i Online Launch Event ကို တိုက်ရိုက်ကြည့်ရှုရင်း ဆုလက်ဆောင်များလည်း ကံထူးရယူနိုင်မည်။

realme Myanmar က ယခု ၂ဝ၂ဝ ခုနှစ်, နှစ်ကုန်ပိုင်းအတွက် ခရစ္စမတ်ကာလအကြို ထုတ်ကုန်သစ်မိတ်ဆက်သည့်အနေဖြင့် realme 7i စမတ်ဖုန်းသစ်ကို လာမည့် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် realme Myanmar (Facebook Page) နှင့် လက်တွဲဖက် Media တို့၏ Facebook Page တို့မှတစ်ဆင့် ထုတ်လွှင့်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ realme 7i မှာ ၎င်း၏ နောင်တော်ထုတ်ကုန်များဖြစ်ကြသည့် realme 7 Pro နှင့် realme 7 တို့နောက်ပိုင်း 7 Series ထုတ်ကုန်သစ်နောက်ဆက်တွဲတစ်ခုအနေဖြင့် ပွဲထွက်လာမည်ဖြစ်ပြီး ထူးခြားကောင်းမွန်သည့်ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကိုလည်း 64MP AI Quad Camera ဖြင့် ရယူနိုင်စေမည်ဖြစ်သည်။ အထူးကောင်းမွန်သော RAM 8GB + ROM 128GB version ကိုအသုံးပြုပေးထားမည်ဖြစ်သည့်အတွက် Multitasking အပိုင်းတွင် ပိုမိုမြန်ဆန်စေမည့်အပြင် Data များကိုလည်း မိမိစိတ်တိုင်းကျသိမ်းဆည်းထားနိုင်စေမည်ဖြစ်သည်။

ကြီးမားသည့် 6.5-inch မျက်နှာပြင်နှင့်အတူ ထိတွေ့တုံ့ပြန်မှုကောင်းမွန်သော 90Hz Ultra Smooth Display ကိုအသုံးပြုပေးထားမည်ဖြစ်သည်။ ကြီးမားသည့် 5000 mAh Massive battery နှင့်အတူ ပုံမှန်ထက်ပိုမိုမြန်ဆန်သော 18W Quick Charge အားသွင်းစနစ်ကိုပါတွဲဖက်အသုံးပြုပေးထားမည်ဖြစ်သည်။ ပိုမိုလှပဆွဲဆောင်မှုရှိစေမည့် Design ပိုင်းနှင့် အရောင်သစ် ၂မျိုးကို ရွေးချယ်အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။ realme 7i ၏ ဈေးနှုန်းကိုလည်း တရားဝင်မိတ်ဆက်ပေးမည့် အဆိုပါ နိုဝင်ဘာလ (၂၆) ရက်နေ့မှာပင် ကြေညာပေးသွားမည်ဟု သိရှိရသည်။

realme 7i Online Launch Event တွင် အထူးဖိတ်ကြားထားသော အနုပညာရှင်များဖြစ်ကြသည့် အဆိုတော် “May”၊ သရုပ်ဆောင် ကောင်းမြတ်စံတို့နှင့်အတူ ဟာသ Video များဖြင့် လူငယ်များအကြားတွင် ရေပန်းစားနေသော Fool Ever Young လူငယ်အဖွဲ့ကလည်း ပါဝင်တက်ရောက်သွားကြမည်ဖြစ်သည်။ realme 7i စမတ်ဖုန်းသစ်မိတ်ဆက်ပွဲအခမ်းအနားကို တိုက်ရိုက်ကြည့်ရှုပြီး မေးခွန်းများပါဝင်ဖြေဆိုရုံဖြင့် အသစ်စက်စက် realme 7i တစ်လုံး၊ realme Buds Q (၃) ခု နှင့် realme Band (၃) ခုတို့ကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး realme Myanmar ၏ တရားဝင် (Official Page) မှတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကိုဝင်ရောက်ကြည့်ရှုမှသာ ကံထူးခွင့်ရရှိစေမည်ဖြစ်သည်။