realme ဟာ ဒီနှစ် အစောပိုင်းက 9i, 9 Pro နဲ့ 9 Pro Plus တို့ကို ကြေညာခဲ့ပြီး အခုတော့ realme 9 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်းမှာ Ripple Holographic Design Language ကို သုံးထားတဲ့အတွက် ထူးခြား ဆန်းသစ်ပြီး အထူက ၈.၅ မီလီမီတာနဲ့ အလေးချိန်က ၁၈၈ ဂရမ် ရှိပါတယ်။ ၆.၅ လက်မ Full HD+ 2400x1080p မျက်နှာပြင် တပ်ဆင်ထားပြီး Refresh Rate က 90Hz နဲ့ Screen-to-body Ratio က ၉၀.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Realme 9 5G

MediaTek Dimensity 810 Processor မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage အထိ ထုတ်လုပ်ပေးထားပါတယ်။ 5GB Virtual RAM သုံးနိုင်တဲ့ Dynamic RAM Expansion ပါလာပြီး စွမ်းအင် စားသုံးမှု သက်သာစေတဲ့ MediaTek HyperEngine 2.0 ထည့်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Android 12 အခြေပြု realme UI 3.0 အုပ်ထားပါတယ်။ 18W Dart Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းပါတယ်။

Realme 9, Realme 9 SE 5G with up to 144Hz Display Launched in India | Beebom

ကင်မရာအကြောင်းပြောရရင် realme 9 5G မှာ အနောက်ကင်မရာ ၃ လုံး ပါလာပြီး 48MP Main, 20MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အတွက် Clear Fusion Algorithm နည်းပညာ ပါတဲ့ 16MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

realme 9 5G အတွက် Stargaze White နဲ့ Meteor Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 4/64GB မော်ဒယ်ကို ၁၄,၉၉၉ ရူပီးနဲ့ 6/128GB မော်ဒယ်ကို ၁၇,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၃၅၀,၀၀၀ ကျပ်နဲ့ ၄၁၀,၀၀၀ ကျပ် ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ ဒီလ ၁၄ ရက်နေ့ အိန္ဒိယမှာ realme.com , Flipkart နဲ့ မြေပြင်စတိုးတွေကနေ ရောင်းမှာပါ။

Ref : gizmochina