realme ဟာ ယခုအချိန်မှာ realme 9 Series ဖုန်းတွေကို မိတ်ဆက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အခုလည်း realme 9 ဖုန်းကို 4G အပြင် 5G Version ပါ မိတ်ဆက်မယ်ဆိုပြီး သတင်းထွက်ပေါ်နေပါပြီ။

နောက်ဆုံးသိရတဲ့သတင်းတွေအရတေ့ာ realme ကနေ realme 9 5G ဖုန်းမှာ 144Hz Display ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ 91mobiles ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် realme 9 5G Version ဟာ ပုံမှန် 4G Version ထက် ပိုပြီး အသုံးပြုရတာ Smooth ဖြစ်နေမှာပါ။

ပေါက်ကြားလာတဲ့ ဓါတ်ပုံအရတော့ realme 9 5G ဖုန်းဟာ High Refresh Rate ကို အမြင့်ဆုံး 144Hz အပြင် High Refresh Rate အဆင့် ၇ မျိုးအထိ ပြောင်းလဲပေးနိုင်မယ်လို့ သိရပါတယ်။ အခုနည်းပညာကိုတော့ Variable Speed High Refresh Rate လို့ ခေါ်ဆိုထားတာကိုတွေ့ရပါတယ်။

144Hz Refresh Rate ပါဝင်ပေမယ့်လည်း realme 9 5G ဖုန်းဟာ Display Panel ပိုင်းမှာ OLED ကိုတော့ အသုံးပြုမှာမဟုတ်သေးပါဘူး။ အဲ့ဒီအစား IPS LCD Display ကိုပဲ အသုံးပြုလာဦးမှာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ MediaTek Dimensity 810 Chipset ကိုမှ RAM 6GB/128GB အပြင် 5000mAh Battery တွေပါဝင်မယ်လို့ သိရပါတယ်။

Ref – GSM Arena