realme Myanmar က ၎င်းတို့၏ AIoT ထုန်ကုန်များနှင့်ပတ်သက်သည့် realme AIoT Solution နှင့် Strategy အကြောင်းကို ပြီးခဲ့သည့် ဇွန်လ ၁၅ရက်နှင့် ၁၆ရက်နေ့တို့တွင် မီဒီယာအချို့တို့ကို ဖိတ်ကြားကာ ရှင်းလင်းမိတ်ဆက်ပေးခဲ့သည်။ COVID-19 ကာလဖြစ်သည့်အတွက် Social Distancing နှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအတိုင်း လိုက်နာကာ တစ်ရက်လျှင် ၂ချိန်ခွဲကာ တစ်ကြိမ်လျှင် မီဒီယာ ၅ခုမှ ၆ခုနှုန်းဖြင့် ဖိတ်ကြားမိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

realme အနေဖြင့် နိုင်ငံတကာမိုဘိုင်းဈေးကွက်တွင် “Date to Leap” ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သော စမတ်ဖုန်းထုတ်ကုန်နှင့် နည်းပညာများကို ဖန်တီးမိတ်ဆက်ပေးခဲ့ပြီး ယခုအခါတွင် သုံးစွဲသူပေါင်း ၃၅သန်းကျော်အထိရောက်ရှိလာခဲ့ပြီဖြစ်သလို ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင်လည်း Counterpoint ၏ထုတ်ပြန်ချက်များအရ အဆင့်-၇နေရာတွင် ဆက်လက်ရပ်တည်ထားဆဲဖြစ်သည်။ ထို့အပြင် ကနဦး AIoT ထုတ်ကုန်များထဲမှ Audio ပိုင်းဆိုင်ရာ ထုတ်ကုန်များဖြစ်ကြသည့် realme Buds Air နှင့် realme Buds Wireless တို့ကို မိတ်ဆက်ရောင်းချပေးခဲ့ရာတွင်လည်း အခုရေ ၁သန်းအထိရောင်းချထားပြီးဖြစ်သည်။ ယခုအခါတွင် နည်းပညာနှင့် ခေတ်ရေစီးကြောင်းကို ဖတ်ရှင်ကျနစွာပေါင်းစပ်ပေးနိုင်စေရန်အတွက် 1+1 Strategy အတိုင်း စမတ်ဖုန်းသစ်တစ်လုံးထုတ်တိုင်း နေ့စဉ်ဘဝတွင်လိုအပ်သည့် AIoT ထုတ်ကုန်တစ်ခုတို့ကို အလေးထားဖန်တီးပေးသွားမည်ပြီး ညီညွတ်မျှတသည့် Uni Smart AIoT Ecosystem တစ်ခုကိုချိတ်ဆက်အသုံးပြုနိုင်စေမည်ဖြစ်သည်။ ယခု Uni Smart AIoT တွင် Personal, Home, Travel ဆိုသည့် ကဏ္ဍ ၃ရပ်ပါဝင်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် တကယ့်ကို စမတ်ကျလှပသည့် AIoT ထုတ်ကုန်များကို ထိတွေ့ခံစားနိုင်စေမည်ဖြစ်သည်။ realme Myanmar အနေဖြင့်လည်း လူငယ်များပိုမိုနှစ်သက်ပြီး စမတ်ကျကျအသုံးပြုနိုင်စေမည့် AIoT ထုတ်ကုန်များကို ပိုမိုမိတ်ဆက်ကာ မြန်မာနိုင်ငံ၏ AIoT ကဏ္ဍတွင် တိုးတက်မှုအမြန်ဆုံးအမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်သည်။ realme Myanmar ၏တိုးတက်မှုနှုန်းကို လေ့လာကြည့်ပါက Counterpoint ကထုတ်ပြန်ထားသော အချက် အလက်များအရ မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် အဆင့်-၅ နေရာအထိ တိုးမြင့်ရပ်တည်ထားပြီဖြစ်သလို ပြီးခဲ့သည့် ၂၀၁၉ ပထမ ၃လပတ်ရောင်းအားအခြေအနေနှင့် ယခု ၂၀၂၀ ပထမ ၃လပတ်ရောင်းအားအခြေအနေတို့နှုန်းယှဉ်ကြည့်ပါက နှစ်အလိုက်တိုးတက်မှုနှုန်း ၃၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ကနဦးချပြမိတ်ဆက်ပေးလိုက်သည့် realme AIoT Solution နှင့် Strategy ကဏ္ဍတွင် စမတ်ဖုန်းနှင့် AIoT ထုတ်ကုန်များအကြား လွယ်ကူထိရောက်စွာထိန်းချုပ် ချိတ်ဆက်နိုင်ရန်အတွက် realme ၏ ပထမဆုံး realme Link app ကိုပါတစ်ပါတည်း မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး အသစ်ချပြပေးလိုက်သည့် realme Buds Air Neo, realme Band နှင့် realme Watch တို့ကို မီဒီယာများအား စမ်းသပ်သုံးစွဲကြည့်စေခဲ့သည်။ ထို့အပြင် realme user မျာကိုလည်း အနည်းငယ်ဖိတ်ကြားကာ realme Buds Air Neo နှင့် realme Watch တို့ကိုပါ အချိန်ပေးစမ်းသပ်သုံးစွဲကြည့်စေခဲ့သည်။ realme Buds Air Neo မှာ ယခုထုတ်လုပ်ပေးခဲ့သည့် realme Buds Air ကိုအခြေခံပြီး မတူညီသည့် သုံးစွဲသူများအတွက်ရည်ရွယ်ကာ feature တချို့ကို လျှော့ချထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး Auto Connection စနစ်၊ Super Low Latency Mode၊ ကောင်းမွန်သည့်အသံအရည်အသွေးတို့ကို ယခင် Buds Air အတိုင်းရရှိစေမည်ဖြစ်သည်။

realme Band အတွက် ၂၄နာရီ၊ ၇ရက်တစ်ပတ်လုံး နှလုံးခုန်တိုင်းတာပေးမည့် Heart Rate Sensor နှင့်အတူ မတူညီသည့် Sports Mode ၉မျိုးတို့ကို အသုံးပြုနိုင်စေမည်ဖြစ်သည်။ နေ့စဉ်ဘဝတွင် ကျန်မာရေးအတွက် အဓိကအထောက်အကူဖြစ်စေမည့် Health Assistant တစ်ခုအဖြစ် အသုံးပြုနိုင်စေမည်ဖြစ်သည်။ ကြီးမားသည့် ၂.၄ စင်တီမီတာအကျယ်မျက်နှာပြင်နှင့် အတူ မတူညီသည့် မျက်နှာပြင်ဒီဇိုင်း ၅မျိုးကို ကနဦးအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီး နောက်ပိုင်းတွင်လည်း ပိုမိုများပြားသည့် မျက်နှာပြင် ဒီဇိုင်းများကိုပါ OTA စနစ်ဖြင့် upgrade လုပ်ပေးသွားမည်ဖြစ်သည်။ ပုံမှန် battery သက်တမ်းအဖြစ် ၁၉ရက်ကြာသုံးနိုင်ပြီး Heart Rate Sensor ကို ဖွင့်သုံးပါက ၆ရက်မှ ၉ရက်အထိ ကြာရှည်ခံစေမည်ဖြစ်သည်။ realme Band ၏ အားသွင်းခေါင်းမှာ Direct USB Charger အမျိုးအစားဖြစ်သည့်အတွက် အခြား charging cable မလိုဘဲ Power Bank သို့မဟုတ် အခြား USB အားသွင်းခေါင်းများတွင် လွယ်ကူစွာတပ်ဆင် အားသွင်းနိုင်မည်ဖြစ်သည်။

realme Watch တွင် ပိုမိုခန့်ညားသည့် နာရီဒီဇိုင်းနှင့်အတူ သွေးအတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာသည့် SPo2 sensor ကိုပါထည့်သွင်းပေးထားသလို ပိုမိုများပြားသည့် Sports Mode ၁၄မျိုးနှင့်အတူ Music, Camera တို့ကိုပါ realme Watch မှတစ်ဆင့် ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။ Sleep Monitor ကဲ့သို့ မိမိ၏အိပ်စက်မှု အချိန်နှင့် ပုံစံများကိုပါ တိကျစွာတိုင်းတာပေးနိုင်ပြီး မျက်နှာပြင်ဒီဇိုင်း ၁၂မျိုး အထိတစ်ပါတည်းပါရှိကာ နောက်ပိုင်းတွင်လည်း OTA မှတစ်ဆင့် မျက်နှာပြင်ဒီဇိုင်း တစ်ရာကျော်ကို ဖန်တီးထောက်ပံ့ပေးသွားဦးမည်ဖြစ်သည်။

realme Watch အတွက် battery သက်တမ်းမှာ သုံးစွဲမှုအလိုက် ၆ရက်မှ ၉ရက်အထိကြာရှည်ခံပြီး သံလိုက်ဆွဲကပ်စနစ်ပါဝင်သည့် အားသွင်း ခေါင်းနှင့်အတူ အလိုက်သင့်တင်လိုက်ရုံဖြင့် အားသွင်းပေးနိုင်မည်ဖြစ်သည်။ realme Band နှင့် realme Watch တို့တွင် IP68 စနစ်ထောက်ပံ့ထားခြင်းကြောင့် ဖုန်မှုန့်နှင့်ရေစက်ရေးမွားတို့ဒဏ်မှလည်း ကောင်းစွာကာ ကွယ်ပေးနိုင်စေမည်ဖြစ်သည်။ realme ၏ ယခု AIoT ထုတ်ကုန်များကို လာမည့် ဇွန်လ ၂၃ရက်တွင် realme Facebook Page နှင့် အခြားသော media partner တို့၏ Facebook Page တို့မှတစ်ဆင့် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းနှင့် စတင်ရောင်းချမည့်ရက်တို့ကိုလည်း ထည့်သွင်းကြေညာပေးသွားမည်ဖြစ်သည်။

Source – realme Myanmar