Xiaomi ကနေ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်သွားဖို့ရှိနေတဲ့ Redmi Note 9 စမတ်ဖုန်း Launch Event ကို လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္ဒရာယ်ကြောင့် ဖျက်သိမ်းလိုက်ပြီး Online ကနေပဲ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း လာမယ့် မတ်လ ၅ ရက်နေ့မှာ realme 6 နဲ့ 6 Pro ဖုန်းတွေကို အကြီးအကျယ်မိတ်ဆက်သွားမယ့် Launch Event ကိုလည်း realme ကနေ ပြန်လည်ဖျက်သိမ်းလိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုမျိုး ဖျက်သိမ်းတာကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

realme 6 Series Launch Event ဟာ လာမယ့် မတ်လ ၅ ရက်နေ့မှာ India နိုင်ငံမှာရှိတဲ့ Indira Gandhi Indoor Stadium မှာပြုလုပ်သွားမှာဖြစ်ပြီး အခုလိုမျိုးဖျက်သိမ်းလိုက်ပေမယ့်လည်း Online ကနေတော့ Livestream အနေနဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒီလိုမျိုး Event တွေပြုလုပ်မှုကိုလည်း ထိန်းသိမ်းပြီးပြုလုပ်ဖို့အတွက် WHO ကိုယ်တိုင်ကလည်း သတိပေးချက်ထုတ်ပြန်ထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီ realme 6 နဲ့ 6 Pro စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ realme 5 Series ဖုန်းတွေနဲ့ယှဥ်ရင်တော့ စျေးနှုန်းပိုပြီးများပြားလာနိုင်ဖွယ်ရှိနေပေမယ့် 90Hz Refresh Rate Display အပြင် 30W Fast Charging လိုမျိုး Feature တွေကြောင့် ပေးရတဲ့စျေးနဲ့တန်တဲ့စမတ်ဖုန်းတွေဖြစ်လာဦးမှာပါ။

Ref – GSM Arena