Google က ပြီးခဲ့တဲ့လမှာ Android 13 ကို ဖြန့်ချိပြီးနောက် OPPO က Android 13 အခြေပြု ColorOS 13 ကို တရုတ်မှာ ဖြန့်ချိခဲ့ပါတယ်။ အခုတော့ အမွှာ ကုမ္ပဏီ realme က Android 13 အခြေပြု realme UI 4.0 ကို နောက်တစ်ပတ်မှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။

Realme UI 4.0 weibo

realme China ရဲ့ Chief Software Engineer ဖြစ်သူ Rain Chen က စက်တင်ဘာလလယ်မှာ realme 4.0 ကို ကြေညာမှာ ဖြစ်ပြီး ရရှိမယ့် Device တွေကိုပါ ပြောမယ်လို့ ဝီဘိုမှာ ရေးသားထားပါတယ်။ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်မှာ Update ရမယ့် Device တွေနဲ့ အချိန်တွေကိုပါ ပြောကြားမှာ ဖြစ်ပါတယ်။

Realme GT 2 Master Explorer Edition

Chen က realme UI 4.0 Open Beta ကို realme GT 2 Pro အတွက် ဒီလထဲမှာ ဖြန့်ချိမှာ ဖြစ်ပြီး စက်တင်ဘာလကုန်မှာ realme UI 4.0 Early Access ကို realme GT 2 Master Explorer Edition နဲ့ realme GT Neo 3 အတွက် ဖြန့်ချိမယ်လို့ ပြောပါတယ်။

လက်ရှိမှာ realme ရဲ့ ၂၀၂၂ ခုနှစ်ထုတ် စွမ်းရည်မြင့် စမတ်ဖုန်းမှာ realme GT 2 Master Explorer Edition ဖြစ်ပြီး နောက်လမှာ Android 13 အခြေပြု realme UI 4.0 ကို ရရှိမှာ ဖြစ်ပါတယ်။ realme GT 2 Master Explorer ဟာ Android 12 အခြေပြု realme UI 3.0 နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 SoC ထည့်သွင်းထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီ၊ 100W Fast Wired Charging တွေ ပါလာပါတယ်။

Ref : gizmochina