realme ကနေ ကုမ္ပဏီအတွက်ပထမဆုံး Fitness Tracker ဖြစ်လာတဲ့ realme Band ကို India မှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ လာမယ့် မတ်လ ၅ ရက်နေ့မှာ စျေးနှုန်းကို တရားဝင်ကြေညာပြီး ရောင်းချသွားမယ်ဆိုပေမယ့် ပါဝင်တဲ့ Feature တွေကတော့ ထွက်ပေါ်လာပါပြီ။

အရင်ဆုံး realme Band ဟာ ဆိုရင် Color Display အပြင် Screen ရဲ့အောက်ဖက်မှာလည်း Utility Button တစ်ခုကိုထည့်သွင်းထားတာကိုတွေ့ရပါတယ်။ အဆို Button ဟာ Menu ပိုင်းရွေးချယ်တာတွေအပြင် Mode တွေပြောင်းလဲတဲ့နေရာမှာ အသုံးချနိုင်မှာပါ။

Fitness Tracker တစ်ခုဖြစ်တဲ့အတွက် realme Band ဟာ Walking ၊ Cycling ၊ Running ၊ Hiking ၊ Climbing ၊ Yoga ၊ Fitness နဲ့ Cricket လိုမျိုး အားကစားတွေကိုပါ Tracking ရယူနိုင်ပြီး Heart Rate နဲ့ Calories တွေကိုပါ တွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။ IP68 Water Resistant ဖြစ်တဲ့အတွက် ရေစိုတာကိုပါခံနိုင်ရည်ရှိမှာပါ။

စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင်လည်း Messages အပြင် တခြားသော Notification တွေကိုပါ ဖော်ပြနိုင်မယ်လို့ သိရပါတယ်။ Heart Rate နဲ့ Calories တွေအပြင် Footsteps Counter လည်းပါဝင်ဦးမှာပါ။ အားသွင်းတဲ့နေရာမှာလည်း သီးသန့် Cable အသုံးပြုနေစရာမလိုဘဲ USB Port ပါဝင်တဲ့ Band ဘက်ခြမ်းကို ဖြုတ်ပြီး Adapter ၊ Laptop သို့မဟုတ် PC မှာရှိတဲ့ USB Port ကို ချိတ်လိုက်ရုံပါပဲ။

realme Band ဟာ အရောင်တွေအနေနဲ့တော့ အမည်းရောင်အပြင် အစိမ်းရောင်နဲ့ အဝါရောင်ဆိုပြီး ရွေးချယ်နိုင်ဦးမှာဖြစ်ပြီး တခြားသောလက်ပတ်တွေကိုလည်း နောက်ပိုင်းမှာရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China