Realme Buds Air Pro တွေဟာ ဒီအမှတ်တံဆိပ်အတွက် ANC (Active Noise Cancellation) ပါဝင်တဲ့ ပထမဦးဆုံး TWS နားကြပ်တွေ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သူတို့ရဲ့ TWS တွေကို ပြန်လည်ဆန်းသစ်ပြီး ကောင်းမွန်တဲ့အသံစနစ်၊ ကောင်းမွန်တဲ့ ဘက်ထရီသက်တမ်း၊ ဆွဲဆောင်မှုရှိတဲ့ဈေးနှုန်းတွေကို ယူဆောင်လာတာ တွေ့ရပါတယ်။

Realme ဟာ Buds Air, Buds Air Neo, Buds Q နဲ့ Buds Air Pro တို့ကို ကြေညာခဲ့ပြီးဖြစ်ပေမယ့် သူတို့ရဲ့ TWS ထုတ်ကုန်တွေကို ရပ်တန့်သွားမယ့်ပုံမရှိပါဘူး။ အခုလည်း ကုမ္ပဏီရဲ့ CEO က တွစ်တာကတစ်ဆင့် Realme Buds Air Pro Master Edition တွေကို မိတ်ဆက်ဦးမယ့်အကြောင်း ကြေညာလိုက်ပြန်ပါတယ်။

ဒီ Buds Air Pro ရဲ့ ဒီဇိုင်းဟာ Jose Levy ဖြစ်ပြီး အာကာသနဲ့ သိပ္ပံဆိုင်ရာ ခံစားချက်အတွေ့အကြုံတွေကို လွှမ်းမိုးခံစားထားတဲ့ ဒီဇိုင်းဖြစ်ကြောင်း ဖော်ညွှန်းထားပါတယ်။ နားကြပ်နဲ့ Case နှစ်မျိုးစလုံးဟာ မီးခိုးရောင်ကို အခြေခံယူထားတာ ဖြစ်ပြီး၊ နားကြပ်စွပ်ကတော့ အနက်ရောင်အဖြစ် မြင်တွေ့ရပါတယ်။

Realme ဟာ Buds Air Pro Master Edition ကို ဒီလအစောပိုင်းက Tease လုပ်ခဲ့တဲ့ Realme Watch S Pro နဲ့အတူ ပွဲထုတ်လာမှာလည်း ဖြစ်ပါတယ်။ Buds Air Pro Master Edition ရဲ့ စွမ်းဆောင်ရည်နဲ့ Feature တွေကတော့ Buds Air Pro နဲ့ အတူတူပဲဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena