realme ကနေ အခုအချိန်မှာ True Wireless Earbuds အသစ်တစ်ခုဖြစ်တဲ့ realme Buds Q2 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ realme Buds Q2s Earbuds ဟာ realme V25 စမတ်ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခင် realme Buds Q Series တွေနဲ့ယှဥ်ရင် အားသာချက်တွေပိုပြီး ပါဝင်လာပါတယ်။

realme Buds Q2s ဟာ ယခင် realme Buds Q2 နဲ့ Q2 Neo လိုမျိုးပဲ Transparent Design Case ကို အသုံးပြုထားပါတယ်။ အရောင်အနေနဲ့ကတော့ Interstellar Black ၊ Forest နဲ့ Paper ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Specification တွေအနေနဲ့ကတော့ Bluetooth 5.2 ကိုအသုံးပြုထားပြီး AAC အပြင် SBC Audio Codec တွေကို အသုံးပြုထားပါတယ်။ Audio Driver အနေနဲ့ 10mm Driver တွေကို အသုံးပြုထားတဲ့အပြင် IPX4 Splash Resistance ပါဝင်မှာဖြစ်ပါတယ်။

အားသာချက်အနေနဲ့ကတော့ realme Buds Q2s Earbuds တွေဟာ Dolby Atmos ကို Support ပြုလုပ်ထားမှာဖြစ်ပြီး 88ms Low Latency Gaming Mode လည်းပါဝင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်း TWS Earbuds တွေမှာပါဝင်လာတဲ့ ANC (Active Noise Cancellation) ပါဝင်ခြင်းမရှိဘဲ ဖုန်းခေါ်ဆိုမှုတွေအတွက်ပဲ AI ENC (Environmental Noise Cancellation) ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။

Battery Life အနေနဲ့ကတော့ တစ်ကြိမ်အားသွင်းထားမယ်ဆိုရင် ၇ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့တွဲဖက်ပြီးအသုံးပြုမယ်ဆိုရင်တော့ နာရီ ၃၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပြန်လည်အားသွင်းဖို့အတွက်ကလည်း USB-C ကနေတစ်ဆင့်အားသွင်းနိုင်မှာပါ။

စျေးနှုန်းအနေနဲ့ realme Buds Q2s Earbuds တွေကို 199 Yuan (မြန်မာငွေ ၅ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံစျေးကွက်အတွက်ပဲ မိတ်ဆက်ထားသေးပေမယ့် မကြာခင်မှာတခြားသော စျေးကွက်တွေကိုလည်း မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China