Realme က ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Headphones အသစ်တွေကို တိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။ ပထမမျိုးဆက် Wired Buds နဲ့ အရင်နှစ်ကတော့ Apple AirPods ကို ယှဉ်ပြိုင်တဲ့ Buds Air တွေကို ရောင်းချပေးခဲ့ပါတယ်။ အဲဒီ ကြားထဲမှာ အလန်းစား Neckband ပါပြီး ဈေးချိုတဲ့ Buds Wireless ကို ကြေညာခဲ့ပါသေးတယ်။ အဲဒီ နားကြပ်ဟာ ၂၅ ဒေါ်လာလောက်ပဲရှိပြီး မြန်မာငွေ ၃ သောင်းလောက်ပဲရှိတဲ့အတွက် အရမ်းကို လူကြိုက်များပါတယ်။

အခုလည်း နောက်ထုတ်မယ့် Realme Buds Wireless Pro ရဲ့ သတင်းအချက်အလက်တွေ ထွက်လာပါပြီ။ NCC Taiwan မှာ အဲဒီ နားကြပ်ကို မှတ်ပုံတင်ထားပြီး ဓါတ်ပုံတွေလည်း ဖော်ပြထားပါတယ်။ အရင်မျိုးဆက်တွေနဲ့ ဒီဇိုင်း တူပြီး ပြောင်းလဲသွားတာက micro-B USB အစား  Type-C Port ပါလာတာပါ။  Type-C Port ဘေးနားမှာ တွေ့ရတဲ့ အပေါက်ဟာ Charging Port ကို ဖုံးအုပ်ဖို့အတွက် ဖြစ်နိုင်ပြီး မူလမျိုးဆက်မှာတော့ microUSB Port ကို မဖုံးအုပ်ထားပါဘူး။

NCC မှာ Realme Buds Wireless Pro ရဲ့ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။ ဒီဇိုင်း အပိုင်းမှာ အရင်ထွက်ထားတဲ့ Realme Buds Wireless နဲ့ တူညီပါတယ်။ Pro Version မှာ 11.2mm Bass Booste Drivers နဲ့ IPX4 Ingress Protection Rating အပါအဝင် အဓိက လုပ်ဆောင်ချက် အများစုကို ပိုကောင်းအောင် ဖန်တီးထားနိုင်ပါတယ်။

Ref : gsmarena