realme C11 ကို Geekbench မှာ တွေ့လာရပြီး မော်ဒယ်နံပါတ်ဟာ RMX2185 ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ MediaTek Helio G35 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အခုတော့ realfans Vietnam Facebook Group က Unboxing ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။

Geekbench မှာ Motherboard ကို “oppo6765” လို့ ဖော်ပြထားပြီး ဘာကို ပြောမှန်း မသိရသေးပါဘူး။ ဒါပေမယ့် realme C3 (RMX2027) ရဲ့ Helio G70 Chipset နဲ့ ယှဉ်ရင်တော့ G35 ဟာ အမြန်ဆုံး Chipset တော့ မဟုတ်ပါဘူး။

realme C11 မှာ 2GB RAM ပါမယ်လို့ ဖော်ပြထားပြီး C3 ရဲ့ အခြေခံ မော်ဒယ်မှာလည်း 2GB RAM ပဲ ထည့်ထားတာပါ။ ဒါပေမယ့် Chipset အပိုင်းမှာတော့ C11 ဟာ အနည်းငယ် အားနည်းမှာ သေချာပါတယ်။ C3 ကိုတော့ 4/64GB Version ထုတ်လုပ်ရောင်းချထားပါတယ်။

Unboxing ဗီဒီယိုမှာ ဆဲလ်ဖီး ကင်မရာ အတွက် အရွယ်သေး Notch ထည့်သွင်းထားပြီး အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပါတယ်။ ဘူးထဲမှာ Charger နဲ့ USB Cable ကြိုး ပါလာပါတယ်။ ဒီလ ၃၀ ရက်နေ့မှာ အွန်လိုင်းကနေ ကြေညာမှာ ဖြစ်ပြီး အဲဒီဖုန်းကို အာရှ အပြင် နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena