realme ကနေ အခုအချိန်မှာ မလေးရှားနိုင်ငံမှာ Budget စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ပြင်ဆင်နေပြီးတော့ ဒါက realme C11 စမတ်ဖုန်းအသစ်ဖြစ်လာနိုင်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ လက်ရှိ realme C3 စမတ်ဖုန်းရဲ့ မျိူးဆက်သစ်ဖြစ်လာပြီးတော့ မကြာခင်မှာ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

realme ကိုယ်တိုင်က မကြာသေးခင်တုန်းက Camera နေရာကို ဖုံးထားတဲ့ဖုန်းရဲ့ Render ဓါတ်ပုံတစ်ပုံကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ အဲ့ဒီအတွက် အဆိုပါ realme C11 စမတ်ဖုန်းဟာ realme ဖုန်းတွေထဲမှာ Camera Design အသစ်နဲ့ စမတ်ဖုန်းလည်းဖြစ်လာနိုင်ပါတယ်။

အခုလည်း realme ဟာ MediaTek ကနေ မမိတ်ဆက်ရသေးတဲ့ Helio G35 Chipset ကို အဆိုပါစမတ်ဖုန်းနဲ့အတူ ကမ္ဘာ့ပထမဆုံးအနေနဲ့ မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ realme C3 စမတ်ဖုန်းကလည်း ကမ္ဘာ့ပထမဆုံးအနေနဲ့ MediaTek ရဲ့ Helio G70 Chipset ကို အသုံးပြုခဲ့တာဖြစ်တဲ့အတွက် အဆိုပါ MediaTek Helio G35 Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ အနည်းငယ်ပိုပြီးကောင်းမွန်လာနိုင်ပါတယ်။

realme C11 စမတ်ဖုန်းဟာ Quad Camera Setup အပြင် ဖုန်းရဲ့ Design ကိုလည်း အရောင် ၂ ရောင်စပ်ထားပြီး realme စာတန်းကိုလည်း ဖုန်းနောက်ဖက်မှာ ရေးသားထားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ realme C3 တုန်းက ဝေဖန်ခံခဲ့ရတဲ့ MicroUSB အစား USB-C ကိုလည်း ပြောင်းလဲအသုံးပြုလာနိုင်ပါတယ်။

Ref – Giz China