Realme C11 နဲ့ Realme C15 တို့ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေ ဖြစ်ကြပါတယ်။ Realme C15 ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အိန္ဒိယဈေးကွက်ထဲကို ရောက်လာတာ ဖြစ်ပြီး ဘက်ထရီပမာဏ 6,000mAh အသုံးပြုထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်အခြေစိုက် ကုမ္ပဏီကတော့ C11 နဲ့ C15 ကြားမှာ C12 ကို ထပ်ပြီး ဖြည့်စွက်ဦးမှာ ဖြစ်ပါတယ်။ Realme C12 ကို မော်ဒယ်နံပါတ် RMX2189 နဲ့အတူ Certification အချို့ရရှိလာတာကိုလည်း တွေ့မြင်နေရပါပြီ။ ဒါတွေကတစ်ဆင့် သိနိုင်တာကတော့ Realme ဟာ C12 ကို ဈေးကွက်တစ်ခုတည်း ကန့်သတ်ထားမှာမဟုတ်ဘဲ ကျယ်ပြန့်တဲ့ဈေးကွက်ထဲ ဖြန့်ချိဖို့ ပြင်ဆင်နေတယ်ဆိုတာပါပဲ။

Realme C12 ဟာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့မှာ Certification ရထားတာဖြစ်ပြီး ဒီလေးနိုင်ငံစလုံးဟာ ကုမ္ပဏီရဲ့ အဓိကဈေးကွက်တွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ Realme C12 ကို အာရှဈေးကွက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမယ်ဆိုတာ သေချာနေပါပြီ။

အချို့ Listing မှာတော့ Realme C12 ကို 6,000mAh ဘက်ထရီနဲ့အတူ ဖော်ပြထားပါတယ်။ 2A မှာ 5V ဒါမှမဟုတ် 10W အားသွင်းနှုန်းကို ထောက်ပံ့ပေးမှာဖြစ်ပေမယ့် အမြန်အားသွင်းစနစ်ထောက်ပံ့ထားတဲ့ အရိပ်အရောင်တော့ မတွေ့မြင်ရပါဘူး။ ဒီဟန်းဆက်ဟာ အရည်အသွေးအားဖြင့် Realme C11 နဲ့ C15 ကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena