ဇူလိုင်လက realme ဟာ တန်ဖိုးနည်း C15 ကို ပွဲထုတ်ခဲ့ပြီး 6,000mAh ဘက်ထရီနဲ့ MediaTek Helio G35 Chipset တွေ ထည့်သွင်းထားပါတယ်။ အခုတော့ realme က Snapdragon 460 Version ကို ကြေညာလိုက်ပြီး realme C15 Qualcomm Edition လို့ နာမည်ပေးထားပါတယ်။ MediaTek Chipset မကြိုက်ဘဲ Qualcomm မှ Qualcomm ပဲ ဆိုသူတွေအတွက် ရည်ရွယ် ထုတ်လုပ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။
အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ အဓိက ကွဲပြားချက် Chipset ဖြစ်ပြီး ကျန်တဲ့ Specs အားလုံးက မူလ realme C15 နဲ့ တူညီကြပါတယ်။ realme C15 Qualcomm Edition မှာ ၆.၅ လက်မ HD+ IPS LCD မျက်နှာပြင် ပါလာပြီး ဘက်ထရီကလည်း အရွယ်အစား ကြီးတဲ့ 6,000mAh ပါပဲ။
အနောက်ဘက်မှာ 13MP Main, 8MP Ultrawide ,2MP Mono နဲ့ 2MP Retro ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 18W Charging ထောက်ပံ့ထားပါတယ်။
3/32GB နဲ့ 4/64GB ကို ၉,၉၉၉ နဲ့ ၁၀,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး ၁ သိန်း ၇ သောင်းနဲ့ ၁ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်ပါတယ်။ အပြာနဲ့ ငွေရောင် ၂ မျိုးထုတ်လုပ်ပေးထားပြီး အိန္ဒိယက နာမည်ကြီး အွန်လိုင်း စတိုးတွေနဲ့ realme မြေပြင် စတိုးတွေမှာ ရောင်းပေးလိုက်ပါပြီ။
Ref : gsmarena