realme ကနေ မကြာသေးခင်တုန်းက Entry Level Budget ဖုန်းတစ်လုံးဖြစ်တဲ့ realme C11 ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း realme ကနေ နောက်ထပ် C Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ realme C15 ကိုပါ မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ realme C15 စမတ်ဖုန်းကို Indonesia မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး C11 ဖုန်းနဲ့ စွမ်းဆောင်ရည်ပိုင်းတူညီပေမယ့် Camera နဲ့ Battery ပိုင်းမှာ ပိုကောင်းလာမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.5″ HD+ IPS LCD Display ကို အသုံးပြုထားပြီး Selfie Camera ကိုတော့ Mini-drop Notch Design ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ realme C11 လိုမျိုးပဲ MediaTek Helio G35 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ 3GB + 64GB ၊ 4GB + 64GB သို့မဟုတ် 4GB + 128GB ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ realme C15 စမတ်ဖုန်းမှာ 13MP Primary + 8MP Ultrawide + 2MP Monochrome + 2MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ပါဝင်မယ်လို့ သိရပါတယ်။

Fingerprint Sensor ကို ဖုန်းရဲ့နောက်ကျောဘက်မှာ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး MicroUSB ကနေတစ်ဆင့် 18W Fast Charging ကို Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စျေးအနေနဲ့ကတော့ realme C15 က RAM 3GB + 64GB Version ကိုတော့ IDR 1,999,000 (မြန်မာငွေ ၁ သိန်း ၉ သောင်းဝန်းကျင်) ၊ RAM 4GB + 64GB ကို IDR 2,199,000 (မြန်မာငွေ ၂ သိန်း ၁ သောင်းဝန်းကျင်) နဲ့ RAM 4GB + 128GB Version ကိုတော့ IDR 2,499,000 (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China