realme ဟာ ဒီနှစ်ထဲမှာ C Series စမတ်ဖုန်းများစွာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြေညာခဲ့ပါတယ်။ realme က ဒါနဲ့တင် မကျေနပ်နိုင်သေးဘဲ အခုတော့ realme C20 အမည်ရ C Series စမတ်ဖုန်း အသစ် ၁ လုံးကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ စမတ်ဖုန်းကို ထိုင်းက NBTC မှာ မှတ်ပုံတင်ထားပါတယ်။

Realme C20 NBTC certified

realme C20 ရဲ့ မော်ဒယ် နံပါတ်က RMX3061 ဖြစ်ပြီး NBTC မှာ အဲဒီ စမတ်ဖုန်းရဲ့ Specs တွေကို ဘာမှ မဖော်ပြထားသေးပါဘူး။ FCC က စာရင်းတွေအရ C20 မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Android 10 အခြေပြု realme UI အုပ်ထားမယ်လို့ အတည်ပြုထားပါတယ်။

Realme C20 bags NBTC certification

ဒါ့အပြင် FCC မှာ realme C20 ရဲ့ ဓါတ်ပုံ ၁ ပုံကို ပြသထားပြီး အဲဒီ စမတ်ဖုန်းမှာ အနောက်ကင်မရာ ၃ လုံးကို စတုရန်းပုံ အကွက်ထဲမှာ ထည့်သွင်းထားတာ မြင်ရပါတယ်။

realme C20 ရဲ့ တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ realme ကလည်း အဲဒီ စမတ်ဖုန်းအကြောင်း ဘာမှ မပြောသေးဘဲ နှုတ်ဆိတ်နေပါသေးတယ်။ ဒါပေမယ့် realme C20 ကို အာဏာပိုင် အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင်မှာ တရားဝင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena