[Unicode]

Realme India ရဲ့ စီအီးအို Madhav Sheth က တစ်ကမ္ဘာလုံးမှာ C Series အလုံးရေ ၁၀.၂ သန်း ရောင်းချပြီးပြီလို့ ကြေညာလိုက်ပါတယ်။ C Series တွေထဲမှာ C1, C1 (2019), C2, နဲ့ C2s တို့ ပါဝင်ပါတယ်။ Sheth က ဒီသတင်းကို တွစ်တာကနေ ကြေညာလိုက်တာဖြစ်ပြီး မနက်ဖြန်မှာ C Series အသစ်တွေကို မိတ်ဆက်မယ်လို့လည်း သူက ပြောလိုက်ပါတယ်။

Sheth က နောက်ထုတ်မယ့် C Series စမတ်ဖုန်း အသစ်တွေအကြောင်းကို မပြောသေးပါဘူး။ ဒါပေမယ့် NBTC နဲ့ FCC မှာ ကုမ္ပဏီက C3 နဲ့ C3s ကို မှတ်ပုံတင်ထားတဲ့အတွက် မနက်ဖြန်မှာ အဲဒီဖုန်းတွေကို မြင်ရဖို့များပါတယ်။

C3 နဲ့ C3s ၂ လုံးစလုံးရဲ့ မော်ဒယ်နံပါတ်က RMX2020 ဖြစ်ပြီး FCC က သတင်းအချက်အလက်တွေအရ အဲဒီ ဖုန်းတွေမှာ အနောက်ကင်မရာ ၂ လုံးထက် ပိုပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

FCC က မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ သူ့မှာ Android 10 အခြေပြု နောက်ဆုံးထုတ် ColorOS 7 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက အဲဒီ Custom UI ကို စမ်းသပ်နေတာဖြစ်ပါတယ်။ FCC မှာ အဲဒီ ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းကို ပြသထားတဲ့ ပုံကြမ်း ၁ ခုကို တွေ့ရပြီး အနောက်ကင်မရာ ၃ လုံးထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။

Ref : gsmarena

[Zawgyi]

Realme C3 နဲ႔ C3s ကို မနက္ျဖန္ ေၾကညာေတာ့မည္

Realme India ရဲ႕ စီအီးအို Madhav Sheth က တစ္ကမာၻလုံးမွာ C Series အလုံးေရ ၁၀.၂ သန္း ေရာင္းခ်ၿပီးၿပီလို႔ ေၾကညာလိုက္ပါတယ္။ C Series ေတြထဲမွာ C1, C1 (2019), C2, နဲ႔ C2s တို႔ ပါဝင္ပါတယ္။ Sheth က ဒီသတင္းကို တြစ္တာကေန ေၾကညာလိုက္တာျဖစ္ၿပီး မနက္ျဖန္မွာ C Series အသစ္ေတြကို မိတ္ဆက္မယ္လို႔လည္း သူက ေျပာလိုက္ပါတယ္။

Sheth က ေနာက္ထုတ္မယ့္ C Series စမတ္ဖုန္း အသစ္ေတြအေၾကာင္းကို မေျပာေသးပါဘူး။ ဒါေပမယ့္ NBTC နဲ႔ FCC မွာ ကုမၸဏီက C3 နဲ႔ C3s ကို မွတ္ပုံတင္ထားတဲ့အတြက္ မနက္ျဖန္မွာ အဲဒီဖုန္းေတြကို ျမင္ရဖို႔မ်ားပါတယ္။

C3 နဲ႔ C3s ၂ လုံးစလုံးရဲ႕ ေမာ္ဒယ္နံပါတ္က RMX2020 ျဖစ္ၿပီး FCC က သတင္းအခ်က္အလက္ေတြအရ အဲဒီ ဖုန္းေတြမွာ အေနာက္ကင္မရာ ၂ လုံးထက္ ပိုပါလာႏိုင္ပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာအာ႐ုံခံ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

FCC က မွတ္ပုံတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ သူ႔မွာ Android 10 အေျချပဳ ေနာက္ဆုံးထုတ္ ColorOS 7 ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ ကုမၸဏီက ၿပီးခဲ့တဲ့ လအနည္းငယ္ကတည္းက အဲဒီ Custom UI ကို စမ္းသပ္ေနတာျဖစ္ပါတယ္။ FCC မွာ အဲဒီ ဖုန္းရဲ႕ အေနာက္ဘက္ ဒီဇိုင္းကို ျပသထားတဲ့ ပုံၾကမ္း ၁ ခုကို ေတြ႕ရၿပီး အေနာက္ကင္မရာ ၃ လုံးထည့္သြင္းထားမယ္လို႔ ထင္ရပါတယ္။ ကင္မရာေတြကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။

Ref : gsmarena