Unicode

Realme ဟာ ပြီးခဲ့တဲ့နှစ်တုန်းက စမတ်ဖုန်းတွေအများအပြားထုတ်လုပ်ခဲ့သလို စျေးကွက်အတွင်းမှာလည်း အားပေးမှုအမြောက်အများရရှိခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။

အဆိုပါ Realme စမတ်ဖုန်းတွေထဲမှာ စျေးနှုန်အနိမ့်ဆုံး Entry ဖုန်းတွေဖြစ်တဲ့ Realme C1 နဲ့ Realme C2 စမတ်ဖုန်းတွေဟာလည်း စျေးသက်သက်သာသာနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတွေအသုံးပြုသူတွေအတွက် ရွေးချယ်စရာဖြစ်ခဲ့ပါတယ်။ အခုလည်း Realme ကနေ အဆိုပါ ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Realme C3 စမတ်ဖုန်းကို မိတ်ဆက်လာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် လက်ရှိသိရတဲ့သတင်းတွေအရ Realme C3 စမတ်ဖုန်းဟာ FCC Certified ရရှိသွားပြီဖြစ်ပြီးတော့ တရားဝင်မိတ်ဆက်မယ့်အချိန်ဟာလည်း နီးကပ်နေပြီလို့ ခန့်မှန်းနိုင်ပြီဖြစ်တာကြောင့်ပါ။ ဒီ FCC Certified ဖြစ်သွားတာကနေ Realme C3 စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်အချို့ကိုလည်း သိရှိလာရပါတယ်။

Realme C3 စမတ်ဖုန်းဟာ မိတ်ဆက်တဲ့အချိန်မှာတော့ Android 10 ကို အခြေခံတဲ့ ColorOS 7 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Realme UI ကို ပြောင်းလဲ Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ Fingerprint Sensor အနေနဲ့လည်း နောက်ကျောဘက်မှာပဲ တပ်ဆင်ထားမှာဖြစ်သလို Camera ပိုင်းအနေနဲ့တော့ Triple Camera Setup ကို Upgrade လုပ်လာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Realme C3 စမတ်ဖုန်းဟာ Budget ဖုန်းကောင်းကောင်းတစ်လုံးကို စောင့်မျှော်နေတဲ့သူတွေအတွက်တော့ စိတ်ဝင်စားစရာဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – GSM Arena

Zawgyi

Realme ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက စမတ္ဖုန္းေတြအမ်ားအျပားထုတ္လုပ္ခဲ့သလို ေစ်းကြက္အတြင္းမွာလည္း အားေပးမႈအေျမာက္အမ်ားရရွိခဲ့တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

အဆိုပါ Realme စမတ္ဖုန္းေတြထဲမွာ ေစ်းႏႈန္အနိမ့္ဆုံး Entry ဖုန္းေတြျဖစ္တဲ့ Realme C1 နဲ႔ Realme C2 စမတ္ဖုန္းေတြဟာလည္း ေစ်းသက္သက္သာသာနဲ႔ စြမ္းေဆာင္ရည္ေကာင္းတဲ့ဖုန္းေတြအသုံးျပဳသူေတြအတြက္ ေ႐ြးခ်ယ္စရာျဖစ္ခဲ့ပါတယ္။ အခုလည္း Realme ကေန အဆိုပါ ဖုန္းေတြရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ Realme C3 စမတ္ဖုန္းကို မိတ္ဆက္လာေတာ့မွာပါ။

ဘာေၾကာင့္လဲဆိုရင္ လက္ရွိသိရတဲ့သတင္းေတြအရ Realme C3 စမတ္ဖုန္းဟာ FCC Certified ရရွိသြားၿပီျဖစ္ၿပီးေတာ့ တရားဝင္မိတ္ဆက္မယ့္အခ်ိန္ဟာလည္း နီးကပ္ေနၿပီးလို႔ ခန္႔မွန္းႏိုင္ၿပီျဖစ္တာေၾကာင့္ပါ။ ဒီ FCC Certified ျဖစ္သြားတာကေန Realme C3 စမတ္ဖုန္းနဲ႔ ပတ္သတ္တဲ့အခ်က္အလက္အခ်ိဳ႕ကိုလည္း သိရွိလာရပါတယ္။

Realme C3 စမတ္ဖုန္းဟာ မိတ္ဆက္တဲ့အခ်ိန္မွာေတာ့ Android 10 ကို အေျခခံတဲ့ ColorOS 7 နဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Realme UI ကို ေျပာင္းလဲ Update ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။ Fingerprint Sensor အေနနဲ႔လည္း ေနာက္ေက်ာဘက္မွာပဲ တပ္ဆင္ထားမွာျဖစ္သလို Camera ပိုင္းအေနနဲ႔ေတာ့ Triple Camera Setup ကို Upgrade လုပ္လာမယ္လို႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ Realme C3 စမတ္ဖုန္းဟာ Budget ဖုန္းေကာင္းေကာင္းတစ္လုံးကို ေစာင့္ေမွ်ာ္ေနတဲ့သူေတြအတြက္ေတာ့ စိတ္ဝင္စားစရာဖုန္းတစ္လုံးျဖစ္လာဦးမွာပါ။

Ref – GSM Arena