[Unicode]

Realme C3 ကို နောက်လ ၆ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင် ၁ ပတ်အလိုမှာ Flipkart က C3 ကို စာရင်းတင်ထားပြီး အဲဒီဖုန်းရဲ့ Specs အများစုကို သိလိုက်ရပါပြီ။ Realme C3 မှာ မကြာခင်က ကြေညာထားတဲ့ Helio G70 SoC မောင်းနှင်ထားပြီး 3/32GB နဲ့ 4/64GB မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ Storage မြှင့်တင်ဖို့အတွက် microSD Card စိုက်နိုင်မယ်လို့ ထင်ပါတယ်။

Realme C3 မှာ ၆.၅ လက်မ Waterdrop Notch မျက်နှာပြင် ပါလာပြီး C Series တွေထဲမှာ အရွယ်အစား အကြီးမားဆုံး မျက်နှာပြင် ဖြစ်လာပါတယ်။ မျက်နှာပြင် ကြီးကြီးကို ဈေးချိုချိုနဲ့ ကိုင်ချင်သူတွေအတွက် ရှယ်ပါပဲ။ မျက်နှာပြင် အရည်အသွေးက HD+ ဖြစ်ပြီး Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ Gorilla Glass ရဲ့ မျိုးဆက်ကို မသိရသေးပါဘူး။

အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 12MP ပင်မ ကင်မရာ ပါပါတယ်။ ဒုတိယ ကင်မရာက အရင် C Series တွေမှာလို 2MP Depth Sensor ဖြစ်နိုင်ပါတယ်။ Flipkart ရဲ့ အွန်လိုင်းစတိုးမှာ မျှဝေထားတဲ့ ဓါတ်ပုံတွေအရ ဒုတိယ ကင်မရာဟာ Macro လည်း ဖြစ်နိုင်ပါတယ်။ စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်တဲ့အတွက် ၂ ခုစလုံး ဖြစ်နိုင်ပါတယ်။

Flipkart မှာ 5,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပြီး C Series တွေထဲမှာ အကြီးမားဆုံး ဖြစ်လာမှာပါ။ ကုမ္ပဏီ က Standby သုံးရင် ရက် ၃၀ ၊ ဖုန်းပြောရင် ၄၃.၉ နာရီ၊ အွန်လိုင်း သီချင်းနားထောင်ရင် ၁၉.၄ နာရီ၊ YouTube ကြည့်ရင် ၂၀.၈ နာရီနဲ့ PUBG Mobile ကစားရင် ၁၀.၆ နာရီ အသုံးခံတယ်လို့ ဖော်ပြထားပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကျန်တဲ့ Specs တွေကို သိလာရနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Realme C3 ရဲ႕ Specs ေတြကို သိရၿပီ

Realme C3 ကို ေနာက္လ ၆ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ မိတ္ဆက္ပြဲ မတိုင္ခင္ ၁ ပတ္အလိုမွာ Flipkart က C3 ကို စာရင္းတင္ထားၿပီး အဲဒီဖုန္းရဲ႕ Specs အမ်ားစုကို သိလိုက္ရပါၿပီ။ Realme C3 မွာ မၾကာခင္က ေၾကညာထားတဲ့ Helio G70 SoC ေမာင္းႏွင္ထားၿပီး 3/32GB နဲ႔ 4/64GB ေမာ္ဒယ္ ၂ မ်ိဳးထုတ္လုပ္ေပးထားပါတယ္။ Storage ျမႇင့္တင္ဖို႔အတြက္ microSD Card စိုက္ႏိုင္မယ္လို႔ ထင္ပါတယ္။

Realme C3 မွာ ၆.၅ လက္မ Waterdrop Notch မ်က္ႏွာျပင္ ပါလာၿပီး C Series ေတြထဲမွာ အ႐ြယ္အစား အႀကီးမားဆုံး မ်က္ႏွာျပင္ ျဖစ္လာပါတယ္။ မ်က္ႏွာျပင္ ႀကီးႀကီးကို ေဈးခ်ိဳခ်ိဳနဲ႔ ကိုင္ခ်င္သူေတြအတြက္ ရွယ္ပါပဲ။ မ်က္ႏွာျပင္ အရည္အေသြးက HD+ ျဖစ္ၿပီး Gorilla Glass နဲ႔ ကာကြယ္ထားပါတယ္။ Gorilla Glass ရဲ႕ မ်ိဳးဆက္ကို မသိရေသးပါဘူး။

အေနာက္ဘက္မွာ ကင္မရာ ၂ လုံး ထည့္သြင္းထားၿပီး 12MP ပင္မ ကင္မရာ ပါပါတယ္။ ဒုတိယ ကင္မရာက အရင္ C Series ေတြမွာလို 2MP Depth Sensor ျဖစ္ႏိုင္ပါတယ္။ Flipkart ရဲ႕ အြန္လိုင္းစတိုးမွာ မွ်ေဝထားတဲ့ ဓါတ္ပုံေတြအရ ဒုတိယ ကင္မရာဟာ Macro လည္း ျဖစ္ႏိုင္ပါတယ္။ စြမ္းရည္နိမ့္ စမတ္ဖုန္း ျဖစ္တဲ့အတြက္ ၂ ခုစလုံး ျဖစ္ႏိုင္ပါတယ္။

Flipkart မွာ 5,000mAh ဘက္ထရီ ထည့္သြင္းထားမယ္လို႔ ေဖာ္ျပထားၿပီး C Series ေတြထဲမွာ အႀကီးမားဆုံး ျဖစ္လာမွာပါ။ ကုမၸဏီ က Standby သုံးရင္ ရက္ ၃၀ ၊ ဖုန္းေျပာရင္ ၄၃.၉ နာရီ၊ အြန္လိုင္း သီခ်င္းနားေထာင္ရင္ ၁၉.၄ နာရီ၊ YouTube ၾကည့္ရင္ ၂၀.၈ နာရီနဲ႔ PUBG Mobile ကစားရင္ ၁၀.၆ နာရီ အသုံးခံတယ္လို႔ ေဖာ္ျပထားပါတယ္။ မိတ္ဆက္ပြဲ မတိုင္ခင္မွာ က်န္တဲ့ Specs ေတြကို သိလာရႏိုင္ပါတယ္။

Ref : gsmarena