Realme က တန်ဖိုးနည်းဖုန်း C3 ကို အိန္ဒိယမှာ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး အခုတော့ အင်ဒိုနီးရှားမှာ လာမယ့် ၁၉ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားမှာ ရောင်းမယ့် မော်ဒယ်မှာ ကင်မရာ ၁ လုံး ပိုပါလာမယ်လို့ ထင်ရပါတယ်။

Realme Indonesia  ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တချို့ကို ဖော်ပြထားပြီး ကင်မရာ ၃ လုံးပါလာမယ်လို့ သိရပါတယ်။ လက်ရှိ အိန္ဒိယမှာ ရောင်းချထားတဲ့ မော်ဒယ်မှာ 12MP Main နဲ့ 2MP ကင်မရာ ၂ လုံးပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ရောင်းမယ့် မော်ဒယ်မှာ အဲဒီ ကင်မရာ ၂ လုံးပါလာနိုင်ပြီး နောက်ထပ် အပို ကင်မရာ ၁ လုံးရဲ့ သတင်းအချက်အလက်ကို မသိရသေးပါဘူး။

တခြား Specs တွေကလည်း တူညီနိုင်ပေမယ့် အင်ဒိုနီးရှားမှာ ရောင်းမယ့် မော်ဒယ်မှာ ကင်မရာ အပို ၁ လုံးပါလာမှာက ထူးဆန်းပါတယ်။ အိန္ဒိယမှာ ကြေညာခဲ့တဲ့ မော်ဒယ်မှာ ၆.၅၂ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး MediaTek Helio G70 SoC မောင်းနှင်ထားပါတယ်။ 3/32GB နဲ့ 4/64GB မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး 5MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ 10W Charging ပါတဲ့ 5,000mAh ဘက်ထရီနဲ့ Android 10 အခြေပြု Realme UI ပါပါတယ်။ အိန္ဒိယမှာ ရောင်းချနေတဲ့ Realme C3 ရဲ့ Base Model စျေးနှုန်းက မြန်မာငွေနဲ့ဆိုရင် ၁သိန်းခွဲ ဝန်းကျင်သာ ကျသင့်မှာပါ။

Ref : gsmarena