ကမ္ဘာ့ထိပ်တန်းဦးဆောင်သူ စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ realme က C Series ထုတ်ကုန်သမိုင်းတစ် လျှောက် အမြန်ဆုံးအားသွင်းစနစ်ပါတဲ့ realme C65 စမတ်ဖုန်းသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး 16GB (8+8) RAM နဲ့ 256GB ROM version တစ်မျိုးတည်းကိုသာ စျေးနှုန်း ၇၂၉,၉၀၀ ကျပ်ဖြင့် မေလ ၂၅ ရက်မှ စတင်ကာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အရောင်ရွေးချယ်မှုအဖြစ် Starlight Purple နဲ့ Starlight Black ၂မျိုးကို ရရှိစေမှာဖြစ်ပါတယ်။ အစောပိုင်းဝယ်ယူသူတွေအနေနဲ့ စတိုင်သစ် Space Cup ရေဗူးကို လက်ဆောင်အဖြစ်ရယူနိုင်မှာဖြစ်ပါတယ်။

၄နှစ်အထိမြန်ဆန်သွက်လက်စေမယ့် အသိအမှတ်ပြုအာမခံချက်ကိုရယူထား
realme C65 ဟာ ဂျာမနီအခြေစိုက် အရည်အသွေးစစ်ဆေးအကဲဖြတ်ပေးတဲ့ TÜV SÜD ကုမ္ပဏီကနေပြီး ၄၈ လကြာ ဖုန်းသုံးစွဲမှုသွက်လက်ညက်ညောစေမယ့် အသိအမှတ်ပြုအာမခံချက်ကို ရရှိထားတဲ့ ဒီစျေးတန်းအတွင်းက ပထမဆုံးစမတ်ဖုန်းတစ်လုံးဖြစ်သလို အခုလို ရယူထားနိုင်တဲ့နောက် ကွယ်ကအားသာချက်က ပြန်လည်အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်မြင့် Helio G85 နဲ့အတူ realme က အသစ်စက်စက်ဖန်တီးထည့်သွင်းပေးလိုက်တဲ့ AI Boost mode တို့ရဲ့ပေါင်းစပ်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ မြန်ဆန်သွက်လက်တဲ့စွမ်းဆောင်ရည်နဲ့ စိတ်ချရမှုကို သုံးစွဲသူတွေအနေနဲ့ အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

အထူးခြားဆုံးပါးလွှာတဲ့ကိုယ်ထည်နဲ့ အဆင့်မြင့် ကြယ်စင်စုအသွင်းဖန်တီးထားတဲ့ Starlight ဒီဇီုင်း
realme C65 မှာ ဒီစျေးတန်းအတွင်း အပါးလွှာဆုံးကိုယ်ထည်နဲ့ တစ်မူထူးခြားဆန်းသစ်လှပတဲ့ အသွင်းဒီဇိုင်းမျိုးအဖြစ်ဖန်တီးထားသလို ဖုန်းရဲ့အထူက ၇.၆၄ မီလီမီတာသာရှိစေမှာဖြစ်ပါတယ်။ အရည်သွေးမြင့် ပရီမီယံ ကင်မရာဒီဇိုင်းအသွင်နဲ့အတူ ထောင့်ကျကျဘေးဘောင်ပုံစံနဲ့ ပေါင်းစပ်ပေးထားလို့ အရင်ဒီဇိုင်းသွင်ပြင်တွေနဲ့ကွဲပြားခြားနားတဲ့ ဒီဇိုင်းဖန်တီးမှုမျိုးကို မြင်တွေ့ရစေမှာဖြစ်ပါတယ်။ နောက်ကျော်ဘက်က ဆန်းပြားလှပတဲ့ကြယ်စင်စုအသွင် လေယာ ၂ထပ်မျိုးရရှိစေဖို့ ပိုမိုရင်းနှီးကာ အဆင့်မြင့်နည်းပညာများနဲ့ပေါင်းစပ် ပေးထားတာပဲဖြစ်ပါတယ်။ ကိုယ်ထည်ပါးလွှာသလို 5000 mAh ဘက်ထရီကိုလည်း Standard အဖြစ်ထည့်သွင်းပေးထားပါတယ်။ အရည်အသွေးမြင့် ဘက်ထရီဖြစ်တဲ့အတွက် အကြိမ်ရေ ၁၆၀၀ အထိအားသွင်းမယ်ဆိုရင်တောင် အားပမာဏကို ၈၀ရာခိုင်နှုန်းအထက်ထိ ကျန်ရှိနေစေဦးမှာဖြစ်ပါတယ်။

သူ့စျေးတန်းမှာ အဆင့်မြင့်အရည်သွေးရှိ မျက်နှာပြင်မျိုး
realme C65 မှာ မျက်နှာပြင်နဲ့ကိုယ်ထည်အချိုးအစားမြင့်မားမှုထောက်ပံ့ထားတဲ့ မြင်ကွင်းပြည့် ၆.၆၇လက်မအရွယ်အစားရှိ HD+ မျက်နှာပြင်အမျိုးအစားကိုအသုံးပြုပေးထားသလို ပြင်ပနေရောင်အောက်မှာပါ အသုံးပြုနိုင်စေမယ့် 625 nits ပမာဏရှိတဲ့အလင်းအားကိုပါ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ 90Hz Refresh Rate နဲ့ ပြည့်ဝတဲ့အရောင်အသွေးတို့ကြောင့် စိုပြေညက်ညောတဲ့ မျက်နှာပြင်အတွေ့အကြုံကို ထိတွေ့ခံစားရစေမှာဖြစ်ပါတယ်။

အမြင့်မားဆုံးအရည်အသွေးစံချိန်တွေနဲ့ အာမခံချက်များ
realme C65 မှာ TUV ရဲ့ မျက်စိကျန်းမာရေးကို ထောက်ကူဖြစ်စေမယ့် Low Blue Light အာမခံချက်တို့အပါအဝင် နည်းပညာပိုင်းဆိုင်ရာ လုံခြုံစိတ်ချစေဖို့အတွက် စံချိန်စံညွှန်းများစွာကို ရယူထားပြီးဖြစ်ပါတယ်။ IP54 အာမခံချက်၊ ရေစိုလက်နဲ့ဖုန်းမျက်နှာပြင်ကို တို့ထိအသုံးပြုနိုင်စေမယ့် Rainwater Smart Touch အပါအဝင် လိုင်းဆွဲအားကောင်းစေမယ့် ပတ်လည် Antenna ဒီဇိုင်းတို့ကို ပေါင်းစပ်ပေးထားပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ မိုဘိုင်းသုံးစွဲမှုအတွေ့အကြုံကို ရရှိစေမှာပဲဖြစ်ပါတယ်။ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုပေါင်း ၃၂၀ ကျော်ကိုဖြတ်သန်းအောင်မြင်ထားပြီး အသေးဆုံးအစိပ်အပိုင်းတွေအထိ အရည်အသွေးပိုင်းကို အလေးထားလုပ်ဆောင်ထားတာဖြစ်ပါတယ်။

Flagship အတွေ့အကြုံအတွက် အဆင့်မြင့် Software များကို ပေါင်းစပ်အားဖြည့်ထား
realme C65 မှာ ပထမဆုံးအနေနဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ အဆင့်မြင့် Software ၅ မျိုးကို စတင်ထည့်သွင်းပေးထားတာြဖစ်ပြီး ဒီအထဲမှာ Dynamic Button၊ Air Gestures၊ Smart Code Scan၊ Riding Mode နဲ့ အလင်းပမာဏကိုလိုသလို အနိမ့်ဆုံးပြောင်းနိုင်စေမယ့် Customized Lowest Brightness တို့ပါဝင်မှာဖြစ်ပါတယ်။ အခုလိုအဆင့်မြင့် feature တွေက သုံးစွဲသူတွေရဲ့အမျိုးမျိုးသောလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စေမှာြဖစ်သလို အမျိုးမျိုးသောနေ့စဥ်ဘဝအခြေအနေမျိုးတွေမှာပါ အဆင်ပြေပြေ သက်သောင့်သက်သာရှိစေမယ့် အတွေ့အကြုံမျိုးကို ပေးစွမ်းစေမှာပဲဖြစ်ပါတယ်။

realme အနေနဲ့ ပိုမိုကောင်းမွန်တဲ့ထုတ်ကုန်တွေကို လူငယ်သုံးစွဲသူတွေထံပို့ဆောင်ပေးနိုင်စေဖို့ အစဥ်ကြိုးစားလျက်ရှိသလို Flagship ဆန်တဲ့အတွေ့အကြုံနဲ့ ထူးခြားတဲ့အသွင်းဒီဇိုင်းတို့ကို realme C Series ထုတ်ကုန်သစ်ဖြစ်တဲ့ realme C65 မှာ ပထမဆုံးအနေနဲ့ထည့်သွင်းပေးလိုက်တာဖြစ်လို့ သူ့စျေးတန်းမှာ ပိုမိုပြီးပြည့်စုံတဲ့ စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံတွေကို ရရှိနိုင်စေမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

media release: realme