realme ကနေ Budget C Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ realme C67 5G ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ realme C67 5G ရဲ့ အဓိကထူးခြားချက်က MediaTek ရဲ့ Dimensity 6100+ Chipset ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။​

realme C67 5G ရဲ့ Display ကိုတော့ 6.72″ FHD+ IPS LCD Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မှာပါ။​ Selfie Camera အတွက် 8MP Sensor ကို Punch-hole ပုံစံ ထည့်သွင်းထားပြီး realme ရဲ့ Mini Capsule 2.0 ကိုလည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။​

Camera ပိုင်းမှာ 50MP Main Camera နဲ့ 2MP Portrait Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။​ realme 67 5G ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 33W Charging ဖြင့် ပြန်လည်အားသွင်းနိုင်မှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Android 13 ကို အခြေခံထားတဲ့ realme UI 4.0 ၊​ IP54 Dust & Water Resistant Rating ၊​ Side-mounted Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Sunny Oasis နဲ့ Dark Purple ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး RAM 4/128GB Model ကို $168 ဝန်းကျင်ကနေ စတင်ရောင်းချသွဦးမယ်လို့ သိရပါတယ်။

Ref – GSM Arena