realme ဟာ လက်ရှိအချိန်မှာ Budget C Series ဖုန်းတွေကို စတင်ပြီး 5G Chipset ဖြင့် အဆင့်မြှင့်တင်ဖို့ စီစဥ်နေပြီဖြစ်ပြီး ပထမဆုံး 5G ပါဝင်လာမယ့် စမတ်ဖုန်းက realme C67 ဖြစ်လာမယ်လို့ သိရပါတယ်။

အဆိုပါ realme C67 5G ဖုန်းကို လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ India နိုင်ငံမှာ စတင်မိတ်ဆက်ဖို့ စီစဥ်နေသလို တခြားသော နိုင်ငံတွေမှာလည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။

realme ကနေ အခုလိုမျိုး မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာခဲ့သလို realme C67 5G ဖုန်းရဲ့ ဒီဇိုင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဒီဇိုင်းပုံစံအရ realme C67 5G ဖုန်းဟာ Flat Design ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပြီး နောက်ဖက်မှာ စက်ဝိုင်းပုံစံ Dual Camera Setup ကိုလည်း ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

Display ပိုင်းမှာ Flat Display ကိုမှ Punch-hole ပုံစံဖြင့် Selfie Camera ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ Speaker ၊ USB-C Charging Port တွေအပြင် 3.5mm Headphone Jack လည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် realme ရဲ့ ပြောကြားချက်အရ realme C67 5G ဖုန်းဟာ အထူအနေနဲ့ 7.89mm ပဲရှိမှာဖြစ်ပြီး 33W Charging ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ Gradient အစိမ်းရောင်ပဲ Teaser ဓါတ်ပုံမှာ ပြသထားပြီး တခြားအရောင်တွေကိုလည်း ရွေးချယ်နိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena