[Unicode]

Realme စီအီးအို Madhav Sheth က Realme 5i ကြေညာတဲ့ ပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး Fitness Tracker ကို Tease လုပ်ခဲ့ပါတယ်။ အဲဒီ Band ရဲ့ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက် သတင်းတွေ ပေါက်ကြားထွက်လာခဲ့ပေမယ့် အများစုက မှားနေခဲ့ပါတယ်။ အခုတော့ ကြေညာမယ့်နေ့ကို သိလိုက်ရပါပြီ။

AskMadhav ရဲ့ နောက်ဆုံးထုတ် Episode (Episode 14) မှာ စီအီးအိုကို Realme Fitness Band ကြေညာမယ့်နေ့ကို မေးမြန်းခဲ့ပါတယ်။ စီအီးအိုက လာမယ့်လမှာ မျက်ဝါးထင်ထင် မြင်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။ သူက နေ့ရက် အတိအကျကိုတော့ မပြောသွားပါဘူး။

Realme ရဲ့ ထုံးစံအတိုင်း Fitness Band ဟာ ဈေးချိုမှာဖြစ်ပြီး Xiaomi Mi Band Series , Honor နဲ့ Huawei Fitness Trackers တွေကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ စီအီးအိုနဲ့ အင်တာဗျူး ဗီဒီယိုမှာ တခြား သတင်းအချက်အလက်တွေကိုလည်း ပြောသွားပါတယ်။ Realme 5i အတွက် Android 10 ကို လာမယ့် မေလမှာ ဖြန့်ချိပေးမှာပါ။

Hardware နဲ့ Software လုပ်ဆောင်ချက်တွေ မပါတဲ့အတွက် Realme 3 Pro အတွက် Bokeh Mode ဗီဒီယို မရနိုင်တော့ပါဘူး။ Realme Buds Air ရဲ့ Background Noise ပြဿနာကို OTA Update နဲ့ ဖြေရှင်းပေးမှာဖြစ်ပြီး မတ်လ မတိုင်ခင် Update ကို မဖြန့်ချိပေးသေးပါဘူး။ TWS Earbuds အတွက် လိမ္မော်နဲ့ အနက်ရောင်တွေကို နောက်လမှာ ရောင်းပေးမှာဖြစ်ပြီး ဒီနှစ်ထဲ ရောင်းမယ့် Realme ဖုန်းအားလုံးအတွက် Security Update ကို ၂ နှစ်ကြာ ဖြန့်ချိပေးမယ်လို့ သူက ပြောပါတယ်။

Ref : gizmochina

[Zawgyi]

Realme စီအီးအိုက Fitness Band ေၾကညာမယ့္အခ်ိန္ကို ေျပာလိုက္ၿပီ

Realme စီအီးအို Madhav Sheth က Realme 5i ေၾကညာတဲ့ ပြဲမွာ ကုမၸဏီရဲ႕ ပထမဆုံး Fitness Tracker ကို Tease လုပ္ခဲ့ပါတယ္။ အဲဒီ Band ရဲ႕ ဒီဇိုင္းနဲ႔ လုပ္ေဆာင္ခ်က္ သတင္းေတြ ေပါက္ၾကားထြက္လာခဲံေပမယ့္ အမ်ားစုက မွားေနခဲ့ပါတယ္။ အခုေတာ့ ေၾကညာမယ့္ေန႔ကို သိလိုက္ရပါၿပီ။

AskMadhav ရဲ႕ ေနာက္ဆုံးထုတ္ Episode (Episode 14) မွာ စီအီးအိုကို Realme Fitness Band ေၾကညာမယ့္ေန႔ကို ေမးျမန္းခဲ့ပါတယ္။ စီအီးအိုက လာမယ့္လမွာ မ်က္ဝါးထင္ထင္ ျမင္ရမယ္လို႔ ေျဖၾကားခဲ့ပါတယ္။ သူက ေန႔ရက္ အတိအက်ကိုေတာ့ မေျပာသြားပါဘူး။

Realme ရဲ႕ ထုံးစံအတိုင္း Fitness Band ဟာ ေဈးခ်ိဳမွာျဖစ္ၿပီး Xiaomi Mi Band Series , Honor နဲ႔ Huawei Fitness Trackers ေတြကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ စီအီးအိုနဲ႔ အင္တာဗ်ဴး ဗီဒီယိုမွာ တျခား သတင္းအခ်က္အလက္ေတြကိုလည္း ေျပာသြားပါတယ္။ Realme 5i အတြက္ Android 10 ကို လာမယ့္ ေမလမွာ ျဖန႔္ခ်ိေပးမွာပါ။

Hardware နဲ႔ Software လုပ္ေဆာင္ခ်က္ေတြ မပါတဲ့အတြက္ Realme 3 Pro အတြက္ Bokeh Mode ဗီဒီယို မရႏိုင္ေတာ့ပါဘူး။ Realme Buds Air ရဲ႕ Background Noise ျပႆနာကို OTA Update နဲ႔ ေျဖရွင္းေပးမွာျဖစ္ၿပီး မတ္လ မတိုင္ခင္ Update ကို မျဖန႔္ခ်ိေပးေသးပါဘူး။ TWS Earbuds အတြက္ လိေမၼာ္နဲ႔ အနက္ေရာင္ေတြကို ေနာက္လမွာ ေရာင္းေပးမွာျဖစ္ၿပီး ဒီႏွစ္ထဲ ေရာင္းမယ့္ Realme ဖုန္းအားလုံးအတြက္ Security Update ကို ၂ ႏွစ္ၾကာ ျဖန႔္ခ်ိေပးမယ္လို႔ သူက ေျပာပါတယ္။

Ref : gizmochina