ပင်မကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်ရောင်းချသူများအကြားတွင် အင်အားအကောင်းဆုံးတိုးတက်မှုအရှိန်အဟုန်အဖြစ်ကိုယ်စားပြုကာ ကမ္ဘာ့အဆင့်-၇ နေရာတွင်ဆက်လက်ရပ်တည်ထား

ငယ်ရွယ်ပြီး ခေတ်ရှေ့ပြေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော realme အား စမတ်ဖုန်းအလုံးရေ သန်း ၅ဝ ရောင်းချနိုင်သည့် မှတ်တိုင်တစ်ခုကိုရောက်ရှိလာခဲ့သော တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း Counterpoint ကထုတ်ပြန်သည့် ၂ဝ၂ဝ ခုနှစ် တတိယ ၃လပတ် စမတ်ဖုန်းတင်ပို့ရောင်းချသည့်အစီရင်ခံစာအရ သိရှိရသည်။ realme ၏ ပရိသတ်နှင့် သုံးစွဲသူများအဖြစ် အဓိကပါဝင်လျက်ရှိသော လူငယ်များနှင့် ငယ်ရွယ်သော ပရော်ဖက်ရှင်နယ်များ၏ စွမ်းအားကို အားပြုတည်ဆောက်ထားသည့် realme အနေဖြင့် ၃လပတ် ၉ကြိမ် ( ၂၇ လ) အတွင်းမှာပင် ကမ္ဘာ့ပြိုင်ဘက်များကို ကျော်ဖြတ်ကာ ယခုကဲ့သို့ အောင်မြင်မှုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မှတ်တိုင်သစ်စိုက်ထူနိုင်ခြင်းအပြင် realme အနေဖြင့် တတိယ ၃လပတ်စမတ်ဖုန်း တင်ပို့မှုအပိုင်းတွင် သမိုင်းဝင်အမြင့်ဆုံးစံချိန်အဖြစ် အလုံးရေ ၁၄.၈ သန်းဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ အဆိုပါ တတိယ ၃လပတ်တွင် ၃လပတ်အလိုက်တိုးတက်မှုအဖြစ် ၁၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်းစောင့်ကြည့်လေ့လာသူများ၏ မျှော်မှန်းချက်ထက်များစွာကျော်လွန်ကာ အရှိန်အဟုန်တိုးမြှင့်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Counterpoint ၏ အစီရင်ခံစာအရ စမတ်ဖုန်းတင်ပို့ရောင်းချသည့် ပမာဏတွင် realme ၏ တိုးတက်မှုနှုန်းမှာ “ပင်မကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်ရောင်းချသူများအကြားတွင် အင်အားအကောင်းဆုံးတိုးတက်မှုအရှိန်အဟုန်အဖြစ်” ကိုယ်စားပြုထားခြင်းဖြစ်သည်။ realme အနေဖြင့် အလုံးရေ သန်း ၅ဝ အထိအရှိန်မြှင့်ရောင်းချနိုင်ခဲ့ခြင်းမှာ တစ်ကမ္ဘာလုံးရှိ လူငယ်လူရွယ်သုံးစွဲသူများနှင့်အတူ ကြီးမားသည့်အောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ယခုလို လူငယ်လူရွယ်များကပင် ၎င်းတို့၏သုံးစွဲသူများကို အဓိကကိုယ်စားပြုနေကြခြင်းလည်းဖြစ်သည်။ realme အနေဖြင့် တစ်ကမ္ဘာလုံးရှိ လူငယ်သုံးစွဲသူများအကြားတွင် လူကြိုက်များမှုမြင့်တက်လာခဲ့ပြီး ၎င်းတို့၏သက်ဆိုင်ရာသုံးစွဲသူအုပ်စုမှာ နိုင်ငံအသီးသီးနှင့် ယဉ်ကျေးမှုအသီးသီးတို့တွင် မတူညီကွဲပြားမှုကို ပေးစွမ်းထားခြင်းဖြစ်သည်။ “realme ဟာ အဆင့်-၅နေရာအထိကို ရောက်ရှိတိုးတက်လာခဲ့တာဖြစ်ပြီး သူတို့ရဲ့အဓိကဈေးကွက်တွေဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်းဂလားဒေ့ရှ်၊ ဖိလစ်ပိုင် တို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့မှာ အဆင့်-၃နေရာအထိကို ရောက်ရှိနေတာဖြစ်ပါတယ်” ဟု Counterpoint ၏ သုတေသနပညာရှင် Abhilash Kumar ကပြောဆိုထားသည်။

“Dare To Leap” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ realme အနေဖြင့် သင့်တော်ဆွဲဆောင်မှုရှိသည့်ဈေးနှုန်းအနေအထားဖြင့် ၎င်းတို့၏လူငယ်သုံးစွဲသူများကို လွှမ်းခြုံစေနိုင်သော ခေတ်ရှေ့ပြေးဒီဇိုင်းအခြေပြု အရည်အသွေးမြင့်ထုတ်ကုန်များနှင့် ထူးခြားသာလွန်သောစွမ်းဆောင်မှုများကိုရောင်းချပေးစေသည့် မဟာဗျူဟာကို ကျင့်သုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “သူတို့ရဲ့ဈေးသက်သာပေမယ့် ပရီမီယံအရေအသွေးဆန်တဲ့ထုတ်ကုန်မျိုးတွေကို သုံးစွဲသူတွေအတွက်ပေးစွမ်းစေဖို့ကြိုးပမ်းချက်နဲ့အတူ ချောမွေ့တဲ့ဒစ်ဂျစ်တယ်စနစ်ဈေးဝယ်ယူနိုင်ခြင်းနဲ့ ဝန်ဆောင်မှုကောင်းတွေကို မတူညီတဲ့နိုင်ငံတွေမှာ ပေးစွမ်းနိုင်တဲ့ အားသာချက်တွေကြောင့်ပဲ realme ဟာ ကပ်ရောဂါဘေးတွေဖြစ်ပျက်နေတဲ့အကျပ်အတည်းတွေကြားထဲမှာပဲ အောင်မြင်မှုအကြီးမားဆုံးအမှတ်တံဆိပ်တစ်ခုအဖြစ် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်” ဟု realme ၏စွမ်းဆောင်ရည်အပေါ် သုတေသနပညာရှင် Abhilash Kumar က မှတ်ချက်ပေးပြောဆိုသွားခဲ့သည်။ realme ၏ ခေတ်ရှေ့ပြေး ပုံရိပ်နှင့်ထုတ်ကုန်ဆိုင်ရာ ဂုဏ်သတင်းမှာ စားသုံးသူများ၏ယုံကြည်မှုနှင့် အမှတ်တံဆိပ်လူသိထင်ရှားမှုအပိုင်းတည်ဆောက်ရာတွင် ကြီးမားစွာ အထောက်အပံ့ပေးနိုင်ခဲ့သည်။

“realme မှာ ကျွန်တော်တို့ရဲ့အတွေးအခေါ်နဲ့ရှင်သန်နေထိုင်ကြတာပါ။ ဒါကတော့ တီထွင်ဆန်းသစ်မှု၊ ဒီဇိုင်းပိုင်း၊ ထုတ်ကုန်တန်ဖိုးတို့ရဲ့ အရေးအကြီးဆုံးအပိုင်းကို ရဲရင့်စွာဝင်ရောက်ဖန်တီးစေတာပဲဖြစ်ပါတယ်။ ဒီအချက်ကပဲ လူငယ်တွေက ကျွန်တော်တို့ဘယ်သူဘယ်ဝါဆိုတာကို ဆုံးဖြတ်သတ်မှတ်သွားစေတာပါ” ဟု realme ၏ CEO ဖြစ်သူ Sky Li က ထုတ်ဖော်ပြောဆိုသွားသည်။ ငယ်ရွယ်နုပျိုသည့် အမှတ်တံဆိပ်အနေဖြင့် realme မှာ နိုင်ငံတကာထိပ်တန်းဒီဇိုင်းဆု ၅ ဆုကို ရယူနိုင်ခဲ့ပြီး realme ၏ Design Studio မှတစ်ဆင့် ၎င်းတို့၏ထုတ်ကုန်ဖန်တီးမှုများအတွက် ကမ္ဘာကျော်ဒီဇိုင်းပညာရှင်များနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ realme အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုအပိုင်းတွင် ကောင်းစွာချပြနိုင်ခဲ့ပြီး Snapdragon 865/ 765G processor တို့ကို ပထမဆုံးအသုံးပြုခဲ့သည့်ကုမ္ပဏီများထဲက တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့သလို စမတ်ဖုန်းတစ်လုံးတွင် 64MP ကင်မရာအမျိုးအစားကိုပါ မိတ်ဆက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ပို၍အဓိကကျသည့်အချက်မှာ ယခုတီထွင်ဆန်းသစ်မှုများကပင် realme အား လူငယ်ထုနှင့် လူငယ်သုံးစွဲသူများအတွက် 5G စနစ်စမတ်ဖုန်းများကိုပါ မိတ်ဆက်ပေးနိုင်စေခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာဈေးကွက်များစွာတွင် ၎င်းတို့၏လူကြိုက်များမှုနှင့် ဂုဏ်သတင်းကျော်ကြားမှုအပိုင်းကို များစွာတိုးမြင့်စေခဲ့သည်။

realme ၏ နိုင်ငံတကာ အဖွဲ့အစည်းနှင့် ပင်မကျောထောက်နောက်ခံတို့က ကုမ္ပဏီအားမြန်ဆန်စွာတိုးတက်လာစေရန် စွမ်းဆောင်ပေးနိုင်စေခဲ့သည်။ ၎င်းတို့၏လူငယ်သုံးစွဲသူများကဲ့သို့ပင် realme အနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဈေးကွက် ၆၁ ခုတွင် မြန်ဆန်စွာတိုးချဲ့ဖြန့်ကျက်နိုင်စေရန် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂နှစ်တာကာလအတွင်းမှာပင် ဈေးကွက် ၁၃ခုတွင် အဆင့်-၅နေရာရပ်တည်နိုင်ခဲ့ကာ ကမ္ဘာ့အဆင့်တွင် အဆင့်-၇နေရာကို ရယူထားခြင်းဖြစ်သည်။

လူငယ်သုံးစွဲသူများအတွက် realme က ၎င်းတို့၏ ပိုမိုမြင့်မားလာသော ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်အသုံးပြုနေကြသည့် ဘဝများကို ဖြည့်ဆည်ပေးနိုင်စေရန်အတွက် smart audio၊ visual နှင့် lifestyle ထုတ်ကုန်များကဲ့သို့ အမျိုးမျိုးသော AIoT (Artificial Intelligence of Things) ထုတ်ကုန်များစွာကို မြန်ဆန်စွာဖြည့်ဆည်းပေးအပ်ထားပြီဖြစ်သလို ယခု AIoT ထုတ်ကုန်များမှာလည်း တရှိန်ထိုးလူကြိုက်များရေပန်းစားလာကြသည်။ အိန္ဒိယနိုင်ငံတွင် realme အနေဖြင့် smart audio ထုတ်ကုန်အရေအတွက် ၁သန်းကျော်အထိရောင်းချထားရပြီး ၂ဝ၂ဝ ခုနှစ် ဒုတိယ ၃လပတ်အတွင်း ဈေးကွက်၏ထိပ်ဆုံးနေရာသို့ ရောက်ရှိတက်လှမ်းနိုင်ခဲ့သည်။ ယခုအချိန်အထိ realme အနေဖြင့် ၂ဝ၂ဝ ခုနှစ် အတွင်းမှာပင် AIoT ထုတ်ကုန်အမျိုးအစားပေါင်း ၅ဝ ကျော်ကို မိတ်ဆက်ပေးခဲ့ပြီး ၂ဝ၂၁ ခုနှစ်တွင် အမျိုးပေါင်း ၂ဆအထိ မိတ်ဆက်ပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ realme ၏ထုတ်ကုန်များမှတစ်ဆင့် လူငယ်များအနေဖြင့် အနာဂတ်ကို ရဲရင့်စွာကျော်ဖြတ်လျှောက်လှမ်းသွားနိုင်စေမည်ဖြစ်ပြီး ကောင်းမွန်သည့်ချိတ်ဆက်အသုံးပြုမှုများဖြင့် ဘဝကို အပြည့်ဝဆုံးရှင်သန်နေထိုင်နိုင်စေမည်ဖြစ်သည်။