လစဥ်လှူဒါန်းနေကြ REAL HOPE အစီအစဥ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ အရေးတကြီးလိုအပ်နေကြတဲ့ ပခုက္ကူ၊ ဟုမ္မလင်းနဲ့ ပြည်မြို့ရှိ ရေဘင်းသင့်ပြည်သူများထံ အခြေခံစားသောက်ကုန်နဲ့ ထမင်းဘူးများဝေငှလှူဒါန်းခြင်းကို သက်ဆိုင်ရာ နယ်မြေခံ realme ဝန်ထမ်းများက သွားရောက်ကာ  ဆောင်ရွက်ကူညီပေးခဲ့ကြပါတယ်။

အဆိုပါဒေသများရှိ လူဦးရေ ၁၀၀၀ ကျော်အတွက် အစားအသောက်များကို ဝိုင်းဝန်းစီစဥ်လှူဒါန်းပေးနိုင်ခဲ့ခြင်းအတွက် realme က ဝမ်းသာပီတိဖြစ်ရသလို REAL HOPE ရဲ့ရည်မှန်းဦးတည်ချက်အတိုင်း တစ်နိုင်ငံလုံးမှ realme ထုတ်ကုန်တွေကို ဝယ်ယူအားပေးသုံးစွဲနေကြတဲ့ သုံးစွဲသူတိုင်းရဲ့ ဝိုင်းဝန်းပေးလှူကြတဲ့ဒါနကုသိုလ်အဖြစ်ပါ မှတ်ယူ သာဓုခေါ်ဆိုနိုင်စေဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်မြို့ရှိရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများအပြီးတွင် အခွင့်အခါသင့်အနေနဲ့ ပြည်မြို့  တာဂွရှိ ခေတ္တရာဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးဂေဟာရှိ ဘိုးဘွားများတွက် အာဟာရဒါနနဲ့ ဆေးပဒေသာပင်တို့အတွက် အလှူငွေ ၅သိန်းခန့်ကိုပါ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

အလှူနဲ့ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံများကိုပါ အားလုံးဝမ်းသာကြည်နူး သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ နောက်လများမှာလည်း ကာလဒါနနဲ့သက်ဆိုင်တဲ့ အလှူများကိုပါ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ realme က ကြိုးစားသွားမှာဖြစ်ပါတယ်။

Media release: realme