realme ကနေ အခုအချိန်မှာ စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်မိတ်ဆက်နေသလိုပဲ ကိုယ်ပိုင် realme UI အတွက်လည်း Software Feature တွေကို ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ realme UI ဟာ စတင်ထွက်ရှိခဲ့တုန်းက Android 10 နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် မကြာခင်မှာ Android 11 Update ကိုလည်း ရရှိတော့မှာပါ။

အခုအချိန်မှာလည်း realme ကနေ စမတ်ဖုန်းတွေထဲမှာ “Smooth Scrolling” နာမည်နဲ့ Feature တစ်ခုကို မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ Feature ဟာ realme စမတ်ဖုန်းအချို့မှာ Update ရရှိနေပြီဖြစ်သလို နောက်ပိုင်းမှာလည်း တခြားသော realme စမတ်ဖုန်းတွေမှာလည်း Update ရရှိမယ်လို့ ယူဆရပါတယ်။

realme_ui_smooth_scrolling

အဆိုပါ Smooth Scrolling Feature က ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာကိုတော့ အတိအကျမသိနိုင်သေးပေမယ့် ဖုန်းကို Scroll ပြုလုပ်တဲ့အချိန်မှာ သိသိသာသာ ပိုပြီးသွက်လက်နေမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ realme ကနေ High Refresh Rate Display ပါဝင်တဲ့ စမတ်ဖုန်းတွေအပြင် ပုံမှန် 60Hz Refresh Rate ပဲ ပါဝင်တဲ့ဖုန်းတွေကိုလည်း ပိုပြီး အသုံးပြုရတာမြန်ဆန်အောင် ပြုလုပ်နေတဲ့ပုံစံပါပဲ။

လောလောဆယ်မှာ Smooth Scrolling Feature ကို Settings – realme Lab ထဲကနေ ဝင်ရောက်ပြီး စမ်းသပ်နိုင်မယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ စမ်းသပ်နေဆဲဖြစ်ပြီး ဘယ်အချိန်မှာ realme UI Update ထဲမှာ Stable Feature အနေနဲ့ရရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – XDA-Developers