ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က ၄င်းတို့၏ entry-level အဆင့် စမတ်ဖုန်းများဖြစ်သော realme C series ထုတ်ကုန်များအတွက် နည်းပညာဖြည့်စွက်ပံ့ပိုးပေးမှုအဖြစ် DRE Dynamic RAM နည်းပညာကို တိုးချဲ့ပံ့ပိုးပေးလိုက်ပြီဖြစ်သည်။ ယခုပံ့ပိုးပေးလိုက်သည့်နည်းပညာက သက်ဆိုင်ရာသုံးစွဲသူများအတွက် Virtual RAM ပမာဏကို ဖုန်းတွင်း Internal Storage ပမာဏမှတစ်ဆင့်တိုးမြှင့်ရယူကာ စက်၏လုပ်ဆောင်ပေးမှုကို သွက်လက်သွားစေရန်ကူညီပေးမည်ဖြစ်သည်။ ယခုကဲ့သို့ Software ပိုင်း အဆင့်မြှင့်တင်ပေးမှုကို ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ သက်ဆိုင်ရာ Region အလိုက် OTA update မှတစ်ဆင့် realme C35, realme C33 နှင့် realme C30s ထုတ်ကုန်များအတွက် တစ်သုတ်ပြီး တစ်သုတ်ပေးအပ်သွားမည်ဖြစ်သည်။

ယနေ့ခေတ်အခါတွင် သုံးစွဲသူအများစုမှာ ၄င်းတို့၏စမတ်ဖုန်းများကို လုပ်ဆောင်ချက်တစ်ခုထက်ပိုကာ တစ်ပြိုင်တည်းတွင် အသုံးပြုလျက်ရှိသလို app တစ်ခုနှင့်တစ်ခုကြားတွင် ပြောင်းလဲအသုံးပြုခြင်း၊ အချို့သော app များကိုလည်း stand-by အသင့်အနေအထားမျိုးထားရှိအသုံးပြုခြင်းများရှိနေကြကြောင်းတွေ့ရှိရသည်။ ထိုကဲသို့သောအခြေအနေမျိုးတွင် အလုပ်လုပ်ပေးနိုင်မည့် RAM ပမာဏနည်းခြင်းက စက်၏အလုပ် လုပ်ဆောင်မှုနှုန်းကို နှေးကွေးလေးလံစေခြင်းများဖြစ်ပေါ်စေမည်ဖြစ်သည်။ realme ၏ တီထွင်ဆန်းသစ်မှုရှိသည့် DRM Dynamic RAM တိုးချဲ့ပေးသည့်နည်းပညာမှာ C series သုံးစွဲသူများအား ROM storage ပမာဏကို Dynamic RAM အဖြစ်ပြောင်းလဲစေခြင်းဖြစ်ပြီး တစ်ပါတည်းပါဝင်သည့် RAM ပမာဏ၏ နောက်ထပ်တစ်ဆ (ပေါင်း ၂ဆ) ကို Dynamic RAM အဖြစ်ပြောင်းလဲရယူအသုံးပြုစေနိုင်ခြင်းဖြစ်သည့်အတွက် Internal RAM 3GB ရှိပါက စုစုပေါင်း ၂ဆပမာဏဖြစ်သည့် 6GB အထိ အသုံးပြုနိုင်စေမည်ဖြစ်သည်။

ယခုအဆင့်တိုးမြှင့်ပေးလိုက်သည့် Dynamic RAM က app များစတင်ဖွင့်ပြီးအလုပ်လုပ်မှုနှုန်းကို ပိုမိုချောမွေ့မြန်ဆန်စေသည့်အပြင် တစ်ခုထက်ပိုသည့် app များကို တစ်ပြိုင်နက်တည်းဖွင့်ကာ အသုံးပြုသည့်အခြေအနေမျိုးမှာပင် စက်၏လုပ်ဆောင်မှုနှုန်းကို မြန်ဆန်စေမှာဖြစ်သည်။ ထို့အတွက်ကြောင့် သုံးစွဲသူအနေဖြင့် အသုံးများသည့် app တချို့ကိုနောက်ကွယ်တွင်ဖွင့်ထားကာ stand-by အဖြစ်ထားရှိသည့်အခါမျိုးတွင် မိမိသုံးလိုသည့် app ကို recent ထဲတွင်ပိုမိုမြန်ဆန်စွာဖြင့် ရယူအသုံးပြုနိုင်စေမည်သဘောပင်ဖြစ်သည်။

မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် realme C seires ထုတ်ကုန်များဖြစ်ကြသည့် (ဒီဇိုင်းလှလှ၊ အထာကျကျ) realme C35 ကို version ၂မျိုးဖြင့်တင်သွင်းရောင်းချပေးလျက်ရှိပြီး (4+64) အတွက် ၄၈၉,၉၀၀ ကျပ်နှင့် (4+128) အတွက် ၅၂၉,၉၀၀ ကျပ်တို့ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ (စျေးအတန်ဆုံး 50MP ဖုန်း) ဖြစ်သည့် realme C33 အတွက်လည်း version ၂မျိုးရောင်းချလျက်ရှိပြီ: (3+32) အတွက် ၃၆၉,၉၀၀ ကျပ်နှင့် (4+64) အတွက် ၃၉၉,၉၀၀ ကျပ် တို့ကျသင့်မည်ဖြစ်သည်။ နောက်ဆုံးမိတ်ဆက်ပေးထားသည့် (စျေးအတန်ဆုံး Side Fingerprint ပါတဲ့ဖုန်း) realme C30s ကိုမူ (2+32) အတွက် ၂၆၉,၉၀၀ ကျပ်နှင့် (4+64) အတွက် ၃၃၉,၉၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိသည်။

Press Release – realme