realme GT Neo 5 ကို ဖေဖော်ဝါရီလမှာ ကြေညာဖို့ အတည်ပြုထားပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ Specs အပြည့်အစုံ တရုတ် TENAA ကနေ ပေါက်ကြားလာပါတယ်။

Realme GT Neo 5 RMX3706_ENAA

မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး RMX706 နဲ့ RMX3708 တို့ ဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုးရဲ့ Specs အများစုက တူညီပြီး RMX706 မှာ 4,600mAh နဲ့ RMX3708 မှာ 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Realme GT Neo 5 RMX3708_TENAA

RMX706 ဟာ realme GT Neo 5 150W ဖြစ်နိုင်ပြီး 150W Charging ထည့်သွင်းထားနိုင်ပါတယ်။ RMX3708 ဟာ realme GT Neo 5 240W ဖြစ်နိုင်ပြီး 240W Charging ပါလာနိုင်ပါတယ်။ ကျန်တဲ့ Specs အားလုံးက တူညီကြပါတယ်။

realme GT Neo 5 မှာ ၆.၇၄ လက်မ AMOLED Full HD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole တပ်ဆင်ထားမှာပါ။ 144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။

Snapdragon 8+ Gen 1 မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB/12GB/16GB RAM နဲ့ 128GB/256GB/512GB Storage တွေ ပါလာမှာပါ။ 240W Version အတွက် 1TB မော်ဒယ်ကိုလည်း စာရင်းမှာ တွေ့ရပါတယ်။ 16MP အရှေ့ ကင်မရာနဲ့ 50MP+8MP+2MP အနောက်ကင်မရာတွေ တပ်ဆင်ထားမှာပါ။ Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး RGB Light နဲ့ IR Blaster ပါလာမှာပါ။

Ref : gizmochina