realme ဟာ မကြာခင်က realme 10 Pro 5G နဲ့ realme 10 Pro+ 5G ကို ကြေညာခဲ့ပြီး realme UI 4.0 ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ အခုတော့ realme UI 4.0 ပါတဲ့ နောက်ထပ် ဖုန်း ၁ လုံးကို မကြာခင် တရုတ်မှာ မိတ်ဆက်နိုင်ပါတယ်။

realme ရဲ့ ဒုတိယ ဥက္ကဌနဲ့ Global Markting ရဲ့ ဥက္ကဌ Xu Qi က realme UI 4.0 ပါတဲ့ နောက်ဖုန်း ၁ လုံးဟာ ဘာဖြစ်မလဲလို့ realme Fans တွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ realme GT Neo 5 ဖြစ်နိုင်ပြီး ၂၀၂၃ ခုနှစ်မှာ ကြေညာမယ့် realme ရဲ့ ပထမဆုံး ဖုန်း ဖြစ်နိုင်ပါတယ်။

Realme GT Neo 5

ပေါက်ကြားသတင်းတွေအရ realme GT Neo 5 အတွက် မတူညီတဲ့ ဘက်ထရီ မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာပါ။ 150W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ မော်ဒယ်နဲ့ 240W Charging ပါတဲ့ 4,600mAh ဘက်ထရီ မော်ဒယ်တွေ ဖြစ်နိုင်ပါတယ်။

realme GT Neo 5 မှာ ၆.၇ လက်မ OLED 1.5K 2722x1240p မျက်နှာပြင်၊ 144Hz Refresh Rate နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ Snapdragon 8 Plus Gen 1 Chip မောင်းနှင်ထားနိုင်ပြီး 16GB RAM နဲ့ 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်မှာပါ။

ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်နိုင်ပြီး အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပါတယ်။ Redmi K60 , iQOO Neo 7 Racing Edition နဲ့ OnePlus Ace 2 တို့ကို ယှဉ်ပြိုင်နိုင်ပါတယ်။

Ref : gizmochina