realme ဟာ မကြာခင်မှာ တရုတ်နိုင်ငံအတွင်းမှာ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ပြင်ဆင်နေပြီး အဆိုပါ ဖုန်းတွေဟာ realme GT Neo6 Series အနေနဲ့ မိတ်ဆက်လာမယ်လို့ သိရပါတယ်။ realme ဘက်ကနေ Snapdragon 7+ Gen 3 Chipset နဲ့ realme GT Neo6 SE ဖုန်းရဲ့ ဒီဇိုင်းဓါတ်ပုံကို တရားဝင်ထုတ်ပြခဲ့သလို အခုလည်း နောက်ထပ် ဖုန်းတစ်လုံးရဲ့ သတင်းပါ ထပ်မံထွက်ပေါ်လာခဲ့ပါပြီ။

ဒါကတော့ realme GT Neo6 ဖုန်းပဲ ဖြစ်ပြီး Performance ပိုင်းမှာ Snapdragon 7+ Gen 3 Chipset အစား Snapdragon 8s Gen 3 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ realme GT Neo6 ဖုန်းဟာ 6.78″ 1.5K BOE 8T LTPO Display Panel ကို အသုံးပြုထားမှာဖြစ်ပြီး Maximum 6000nits အထိ Peak Brightness အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးပဲ 50MP OIS Main Camera ၊ 120W Fast Charging ပါဝင်မယ့် 5500mAh Battery အပြင် အထူကလည်း 8.6mm နဲ့ 199g အလေးချိန်ရှိမယ်လို့ သိရပါတယ်။ ထူးခြားချက်တစ်ခုက ဖုန်းရဲ့ ဘေးဘက်ဘောင်တွေကို Metal အစား ပလတ်စတစ်နဲ့ပဲ ပြုလုပ်ထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme ကနေ realme GT Neo6 Series ဖုန်းတွေကို Performance ပိုင်း ဦးစားပေးထုတ်လုပ်သွားမှာဖြစ်ပြီး Xiaomi ရဲ့ မကြာသေးခင်က မိတ်ဆက်ထားတဲ့ Civi 4 Pro နဲ့ မကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ Redmi Turbo 3 ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China