ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က ၄င်းတို့၏ realme GT Neo 3 ထုတ်ကုန်မှာ ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်ဖြစ်သည့် 150W ကို အသုံးပြုထားသော စမတ်ဖုန်းဖြစ်လာမည်ဖြစ်ပြီး ၅မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိအားဝင်စေမည်ဟု ကြေညာသွားခဲ့သည်။ ထို့အပြင် realme မှာ ကမ္ဘာ့ပထမဆုံး 100W-200W စမတ်ဖုန်းထုတ်ကုန်များကိုပါ မိတ်ဆက်ပေးသွားရန်ရှိနေပြီး မြန်နှုန်းမြင့်အားသွင်းနည်းပညာဖြစ်သည့် UltraDart Charging Architecture ကိုအသုံးပြုပေးထားမည်ဖြစ်ကာ အဆိုပါနည်းပညာမှာ အားသွင်းမြန်နှုန်း၊ လုံခြုံစိတ်ချရမှုနှင့် ဘက်ထရီသက်တမ်းတို့ကို ပြီးပြည့်စုံစွာပေါင်းစပ်ဖြေရှင်းပေးထားမည်ဖြစ်သည်။

150W UltraDart Charge – ကမ္ဘာ့အမြန်ဆုံးစမတ်ဖုန်းအားသွင်းနည်းပညာ

စမတ်ဖုန်းများတွင်အသုံးပြုနိုင်သော အားအမြန်သွင်းစနစ်မှာ သိပ်မကြာသေးသည့်နှစ်များအတွင်း လုပ်ဆောင်ခဲ့သည့် အဓိပ္ပာယ်အရှိဆုံးတီထွင်ဆန်းသစ်မှုများထဲမှ တစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး စမတ်ဖုန်းသုံးစွဲသူများ၏ အားသွင်းသည့်ပုံစံနှင့် ဖုန်းအသုံးပြုမှုအမူအကျင့်များကို ပြောင်းလဲပေးစေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း လက်ရှိ realme စမတ်ဖုန်းများမှာ ပုံမှန်အားဖြင့် အားအမြန်သွင်းစနစ် (Dart Charge) သို့မဟုတ် ပိုမိုမြန်ဆန်သည့်အားအမြန်သွင်းစနစ် (Super Dart Charge) နည်းပညာတစ်မျိုးမျိုးတို့ကို ထည့်သွင်းပေးထားခြင်းဖြစ်ပြီး အားသွင်းစွမ်းဆောင်ရည်ကို 18W မှ 65W အတွင်း ပေးစွမ်းစေနိုင်ခြင်းဖြစ်သည်။ စမတ်ဖုန်းများကို ၃၅ မိနစ်အချိန်တွင်းမှာပင် အားအပြည့်သွင်းပေးစေနိုင်မည်ဖြစ်သည်။ အမှန်အားဖြင့် realme မှာ အမြန်ဆုံးနှင့် အထိရောက်ဆုံးအားသွင်းအတွေ့အကြုံတို့နှင့်အတူ သုံးစွဲသူများအား နောက်ထပ်အဆင့်တစ်ခုအထိအဖြစ်နိုင်ဆုံးပေးစွမ်းနိုင်စေရန်အတွက် စဥ်ဆက်မပြန်ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် အသစ်လွင်ဆုံးတီထွင်ဆန်းသစ်မှုဖြစ်သော realme ၏ အမြန်ဆုံး 150W အားသွင်းနည်းပညာမှာ ၅မိနစ်အတွင်းမှာပင် အားပမာဏ ၅၀ ရာခိုင်နှုန်းအထိရရှိစေနိုင်မည်ဖြစ်သည်။

UltraDart Charging Architecture – ကမ္ဘာ့ပထမဆုံး 100W – 200W စမတ်ဖုန်းအားသွင်းနည်းပညာ

UDCA ဟု အတိုကောက်ခေါ်ဆိုသုံးနှုန်းသော လျင်မြန်သည့်အားအမြန်သွင်းစနစ် (UltraDart Charging Architecture) မှာ realme ၏ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဆုံးသော အားသွင်းနည်းပညာသစ်တစ်ခုလည်းဖြစ်သည်။ ထူးထူးခြားခြားအဖြစ် UDCA စနစ်မှာ အားသွင်းမြန်နှုန်း၊ လုံခြုံစိတ်ချရမှုနှင့် ဘက်ထရီသက်တမ်းတို့အပါအဝင် နည်းပညာဆိုင်ရာတိုးတက်မှု ၃မျိုးနှင့်အတူ 100W နှင့် 200W အကြား အားသွင်းစွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်စေမည်ဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် UDCA စနစ်မှာ ကမ္ဘာ့အမြန်ဆုံးအားသွင်းနှုန်းကိုထောက်ပံ့ပေးထားမည်ဖြစ်သည်။ အသေးစိပ်အားဖြင့်ဆိုရလျှင် UDCA ၏ အထူးမြန်ဆန်သည့်အားသွင်းစနစ်မှာ ပြောင်းလဲပေးနိုင်သော အားသွင်းမြှင့်တင်မှုတွန်းပို့ခြင်း (Multi Boost Charge Pumps) ကို အသုံးပြုထားပြီး အားဝင်စီးဆင်းမှုကို မြန်ဆန်အောင်လုပ်ဆောင်ပေးခြင်းဖြစ်ကာ စမတ်ဖုန်းကို ပိုမိုမြန်ဆန်စွာအားသွင်းပေးနိုင်စေခြင်းဖြစ်သည်။ အားသွင်းနှုန်းမြန်ဆန်စေရုံသာမကဘဲ UDCA စနစ်မှာ ထူးခြားသာလွန်သော လုံခြုံစိတ်ချရခြင်းနှင့် ဘက်ထရီသက်တမ်းစွမ်းဆောင်ရည်တို့ကိုပါ ထည့်သွင်းထားခြင်းဖြစ်သည်။
လုံခြုံစိတ်ချမှုနှင့်ပတ်သက်လာလျှင် UDCA စနစ်မှာ အားသွင်းနေစဥ်အတွင်း သက်ဆိုင်ရာဖုန်းအား စံသတ်မှတ်ချက်အဆင့်တစ်ခုတွင် အပူချိန်ကိုအမြဲထိန်းထားနိုင်စေရန်အတွက် ကူညီပေးခြင်းဖြစ်သည်။ ယခုကဲ့သို့အားသာချက်မှာ realme ၏ UDCA စနစ်မှာ အပူချိန်ထိန်းချုပ်တွက်ချက်သည့်အားသာချက်ကိုအခြေခံထားသည့် အရေးပါသော အပူထိန်းချုပ်လုပ်ဆောင်မှုစနစ်ကိုအသုံးပြုပေးထားခြင်းဖြစ်ပြီး မြင့်တက်အပူချိန်ကို ၄၃ ဒီဂရီအောက်တွင်သာ ထိန်းချုပ်ထားနိုင်စေခြင်းဖြစ်သည်။ ယခုနည်းလမ်းမျိုးဖြင့် သုံးစွဲသူများမှာ တစ်စုံတစ်ရာသော လုံခြုံမှုဆိုင်ရာအန္တရာယ်ဖြစ်ပေါ်စေခြင်းမရှိဘဲ ကြာရှည်စွမ်းဂိမ်းဆော့ကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းများကို လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

ပိုမိုအရေးကြီးသည့်အချက်အနေဖြင့် UDCA စနစ်မှာ စိတ်ချရသော ပိုမိုမြင့်မားသည့် ဘက်ထရီကာကွယ်မှုစနစ်ကိုပါ ပေးစွမ်းစေနိုင်ဦးမည်ဖြစ်သည်။ ယေဘုယျအားဖြင့် စျေးကွက်တွင်ရှိနေကြသည့် အခြားသော အားအမြန်သွင်းနည်းပညာအတွက်မူ ၄င်းတို့၏မြင့်မားသည့်အားသွင်းမြန်နှုန်းမှာ မကြာခဏဆိုသလို ဘက်ထရီသက်တမ်းကိုထိခိုက်စေသည့် အခြေအနေမျိုးရှိနေတတ်ခြင်းဖြစ်သည်။ သို့ရာတွင် realme ၏ UDCA စနစ်မှာ ထိပ်တန်းအရည်အသွေးကောင်းမွန်သည့် lithium ဘက်ထရီအမျိုးအစားများကိုအသုံးပြုပေးထားပြီး အကြိမ် ၁၀၀၀ ကျော်အထိအားသွင်းမှုပြုလုပ်ထားသည့်အခြေအနေမှာပင် ဘက်ထရီအားပမာဏကို ၈၀ ရာခိုင်နှုန်းအထိ ဆက်လက်ရယူပေးထားနိုင်စေခြင်းဖြစ်သည်။ ယခုအချက်က သက်ဆိုင်ရာဘက်ထရီအတွက် ပိုမိုမြင့်မားသည့် အမြင့်ဆုံးအားသွင်းနှုန်းနှင့်အတူ ပိုမိုကြာရှည်ခံစေမည့်သက်တမ်းကိုပါ သေချာအောင်လုပ်ဆောင်ပေးခြင်းဖြစ်သည်။


realme အနေဖြင့် ယခုနည်းပညာကို သိပ်မကြာသည့်အချိန်တွင် အရေအတွက်များစွာထုတ်လုပ်ပေးသွားရန်ရှိနေသည်။ realme GT Neo 3 ထုတ်ကုန်မှာ UDCA နည်းပညာအောက်တွင် 150W အားသွင်းစနစ်အသစ်ဖြင့်ထွက်ပေါ်လာမည့် ကမ္ဘာ့အားသွင်းအမြန်ဆုံးစမတ်ဖုန်းဖြစ်လာမည်ဖြစ်သည်။

Press Release of realme