realme က တရုတ်မှာ GT Neo6 SE ကို ကြေညာလိုက်ပြီး မကြာခင်က မိတ်ဆက်ထားတဲ့ Snapdragon 7+ Gen 3 Chipset ၊ LTPO OLED Display နဲ့ 100W SuperVOOC Charging ပါပါတယ်။

Realme GT Neo6 SE announced with SD 7+ Gen 3 and 100W charging

6.78” 8T LTPO OLED 1264x2780p Curved Display တပ်ထားပြီး 120Hz Refresh Rate ၊ In-display Fingerprint Scanner နဲ့ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Display ရဲ့ Peak Brightness က 6,000 Nits အထိ ရှိပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 50MP IMX882 Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး Android  14 အခြေပြု realme UI 5 မောင်းနှင်ထားပါတယ်။ 100W SuperVOOC Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပြီး IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Realme GT Neo6 SE announced with SD 7+ Gen 3 and 100W charging

realme GT Neo6 SE အတွက် အစိမ်းနဲ့ ငွေရောင် ထုတ်လုပ်ထားပြီး 8/256GB ကို ၁,၇၉၉ ယွမ် (၂၄၈ ဒေါ်လာ)၊ 12/256GB ကို ၁,၉၉၉ ယွမ် (၂၇၆ ဒေါ်လာ)၊ 16/256GB ကို ၂,၁၉၉ ယွမ် (၃၀၃ ဒေါ်လာ)နဲ့ 16/512GB ကို ၂,၄၉၉ ယွမ် (၃၄၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဒီလ ၁၇ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena